in Chin state
(ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈)
“အရှို″ ချင်းတို့၏ ပြောဆိုသော ဘာသာစကားသည် ချင်းဝိသေသတိုင်းရှိ ချင်းတို့၏စကားများနှင့် တူညီသည်ကိုတွေ့ရ၏။ တနယ်တွင်ရှိသော စကားနှင့်မတူပါက အခြားတနယ်တွင်ရှိသော စကားနှင့် တူညီနေ၏။ အထူးသဖြင့် မင်းတပ်နယ်ဖက်မှ ချင်းတို့၏ စကားနှင့် များစွာတူညီနေသည်ကို တွေ့ရပါသည်။ ဤသို့ဘာသာ စကားတူညီနေမှုကို ထောက်ရှုခြင်းအားဖြင့် “အရှို″ ချင်းများသည် ချင်းဝိသေသတိုင်းမှ ဆင်းသက်၍ မြေပြန့်သို့ ရောက်ရှိလာကြ သည်ဆိုသော အဆိုကို များစွာထောက်ခံနိုင်စရာရှိပေသည်။ … (စာ ၃-၄) မှ ဆလိုင်းစောဖေ (ရန်ကုန်တက္ကသိုလ်) ၏ ချင်းလူမျိုး အကြောင်းလေ့လာချက် ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈
ဤအချိန်များတွင် ချင်းဝိသေသတိုင်း တလျှောက် နေထိုင်ကြသည့် ချင်းတိုင်းရင်းသားများက အနောက်ဥရောပ ၀တ်စုံကို မြတ်နိုးပြီး ပို၍ ၀တ်ဆင်ကြသည်ကို တွေ့ရလေသည်။ ထိုနည်းတူ မြန်မာနိုင်ငံမြေပြန့် တလျှောက်နေထိုင်ကြသည့် အရှိုချင်းများသည်လည်း ဗမာ့ဓလေ့ ယဉ်ကျေးမှုနှင့် ထိစပ်ရောနှောမှုကြောင့် ဗမာ့ဝတ်စုံကို ဆင်မြန်းဝတ်ဆင်သူက များလေသည်။ နောက်တွင်လည်း ဆက်လက်၍ ဥရောပ၀တ်စုံနှင့် ဗမာ့ဝတ်စုံကို ခင်တွယ်ဝတ်ဆင်နေကြဦး မည်ဆိုလျှင် ကျွန်တော်တို့၏ ရိုးရာအ၀တ်အစားများ ပျောက်ကွယ်ကုန်ပြီး သင်တို့သည် အဘယ် လူမျိုးပေနည်းဟု လူမျိုးတကာအမေးကို ခံရပေမည်။ … (စာ ၇-၈) မှ ဆလိုင်းတင်မောင်ဆွေ၏ ချင်းတိုင်းရင်းသား လူမျိုးများ စာပေနှင့် ယဉ်ကျေးမှု တိုးတက် ဖွံ့ဖြိုးရေး ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈
၁၉၂၀ ခုနှစ်လောက်တွင် ခရစ်ယာန်သာသနာပြု ဆရာကြီးဖြစ်သော Rev. Carson က မြောက်ပိုင်း ချင်းတောင် ဟားခါးမြို့တွင် ပထမဦးဆုံး ချင်းစာပေကျောင်းကို တည်ထောင် ပေးခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် ဗြိတိသျှအစိုးရပိုင်ကျောင်းအဖြစ် သိမ်းပိုက်လိုက်လေသည်။ ထိုခေတ်ထိုအချိန်တွင် ကိုလိုနီပညာရေး စနစ်သည် ညီမျှမှုမရှိခဲ့ပေ၊ လူနေမှုအဆင့်အတန်းကွဲပြားခြင်းနှင့် လူတို့၏ အသိဥာဏ်နည်းပါးမှုကြောင့် အထက်တန်းလွှာ အမျိုးသားများသာ ပညာဆည်းပူးခဲ့ကြပြီး အောက်တန်းလွှာဖြစ်သော ဆင်းရဲသားများနှင့် အမျိုးသမီးများမှာမူကား ပညာဆည်းပူးလေ့လာခွင့် လုံးဝမရရှိခဲ့ကြပေ။ …
(စာ ၂၁) မှ ဘက်တီလင်း (မန်းတက္ကသိုလ်) ၏ ယနေ့ ချင်းအမျိုးသမီးတို့၏ ဘ၀ကြေးမုံ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈
၁၉၅၇ ခု၊ ချင်းတောင် မင်းတပ်နယ်၏ တောင်ကျချောင်းရေများသည် တဝေါဝေါစီးမြဲစီးနေ ကြ၏။ စိမ်းပြာသော တောင်ယံဝယ်၊ တောင်ယာစိုက်ခင်းများကို တွေ့နေ ရ၏။ ဟောင်းအိုဆွေးမြေ့နေသော ဓလေ့ဆိုးများသည် ရှိမြဲနေ သေး၏။ တောင်ယံဝယ် ခြိမ့်ခြိမ့်ညံမျှ နတ်ပွဲတော်များကျင်းပဆဲ၊ လက်စားခြေလူသတ်မှု ရံဖန်ရံခါကြားရဆဲ၊ အမျိုးသမီးများ၏ မျက်နှာဝယ် ပါးရဲစိမ်းစိမ်းများ ချယ်သထားကြဆဲ။ လူသွားလမ်း၊ လားသွားလမ်း အဆင့်မှ မကျော်လွန်နိုင်သေး။ …
(စာ – ၃၅-၃၆) မှ ဘုန်းနီ (မင်းတပ်)၏ တောင်တန်းပြာမှ လူငယ်များ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈
ဥပမာ ဒေသအလိုက်အသုံးပြုသော ဘာသာစကား၊ နေထိုင်မှုမှအစ အတွေးအခေါ် အယူအဆများသည် အပေါ်ယံအား ဖြင့်ကြည့်လျှင် တရွာတဘာသာ၊ တရွာတဓလေ့ကျစီ အဖြစ် ကွဲပြားပုံရနေပါသည်။ ထို့ကြောင့် ယင်းအနက်အဓိပ္ပါယ်ကို သေချာဂနစွာ မစဉ်းစား မကြည့်ရှုသူများအတွက် ယင်းအပေါ်ယံကွဲပြားမှုကို အစွဲပြုပြီး တဘက်မှ ချင်းအမျိုးသားများ သည် ကျန်တဘက် ချင်းအမျိုးသားများကို မသိရှိနားမလည် ဖြစ်ကြသူများလည်း ရှိကြပါသည်။ ထို့ကြောင့် ချင်းအမျိုးသားတိုင်း တဘက်နှင့်တဘက်၊ တဦးနှင့်တဦး တသွေးတသားတည်း (သွေးချင်းအစစ်အမှန်) ဖြစ်မှန်းကိုပင် သဘောမပေါက်နိုင်ခဲ့ကြရပါသည်။ ဤသည် (William Shakespeare) ၏ (Twelfth Night or What you will) ၀တ္ထုတွင် အမွှာပူးမောင်နှမရင်းဖြစ်မှန်း အချင်းချင်း မသိခဲ့သော နှစ်ပေါင်းအကြာကွဲသည့် (Sabastian) ဆိုသူ လူငယ် တယောက်နှင့် သူ့ညီမ (Viola) နှင့် တူနေပေသည်။ အမှန်မှာ ချင်းအမျိုးသားများ၏ ဒေသသုံးဘာသာစကားနှင့် ဓလေ့ ထုံးစံများတွင် မူရင်းအားလုံးတူညီနေသည်ကို မသိမမြင်နိုင် သောကြောင့်ပင် ဖြစ်နေပါ သည်။ … (စာ ၄၃) မှ လျန်အုပ်၏ မနုဿဗေဒရှုထောင့်နှင့် ချင်းအနွယ်ဝင် များ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈
ထိုနည်းတူ နာဂတွင်သုံးသော ဘာသာစကားတွင် လည်း အခြားချင်းအနွယ်စု ဘာသာစကား တိုင်းစသော တိုင်းများ တွင်သုံးသော ချင်းဘာသာစကားတွင်လည်း အခြားအနွယ်စု ဘာသာစကား မြောက်များစွာရောနှော၍ ဖြစ်ပေါ်သော ဘာသာစကားဖြစ်နေပါသည်။ ဥပမာ – ရေကို “သွီး” “Tui” ဟု (အရှို၊ တီးတိန်၊ လူရှိုင်း၊ ပလက်ဝတို့က ခေါ်သည်။ သေသည် ကို (ဆီ Si ဟု မေထချင်း၊ တီးတိန်ချင်း၊ ဆွမ်မရာ) နာဂတို့က ခေါ်သည်။ “သစ်သီး” ကို ထင်ထေ (Thingthei) ဟု အူရ်ခူလ်နာဂ (Urkhul) နာဂ၊ မင်းတပ်နယ်ချင်း၊ ဟားခါး၊ ဖလမ်းချင်းတို့က ခေါ်သည်။ ဆွမ်မရာနာဂ (Sumra Naga) က (Chingthe) “ချင်းထေ” ဟု ခေါ်ပြီး၊ အရှို၊ ပလက်ဝ၊ ဟားခါးနယ်အချို့က (Stingthaih) “ထင်ထိုက်” ဟု ခေါ်သည်။ … (စာ ၄၅) မှ လျန်အုပ်၏ မနုဿဗေဒရှုထောင့်နှင့် ချင်းအနွယ်ဝင်များ ဆောင်းပါး …မှ။
http://chinmag.freevar.com/ မှ
0 comments:
Post a Comment
Thang you!