Saturday, September 25, 2010

Mei Awm Law

Mei Awm Law


Band website template
Mei Awm Law(မေးအွမ်လော်) ဆိုတာ အင်္ဂလိပ်လို ဘာသာပြန်ရင်တော့ Welcome ပေါ့ဗျာ။မြန်မာလို ဘာသာပြန်ရင်တော့...မီးလာလှုံပါ...တဲ့။ဆိုလိုတာကတော့...လာထိုင်ပါ...အပန်းလာဖြေပါ...ကြိုဆိုပါတယ်...စတဲ့ အဓိပ္ပာယ်သက်ရောက်တယ်။

မေးအွမ်းလော်...ဆိုပြီး မြန်မာလိုရေးရင် အသံမပီပေမယ့် အပေါ်က သီချင်းလေးနားထောင်ကြည့်ရင် အသံပီပီပြောတတ်ကြမှာပါ။သီချင်းကတော့ www.lawngmen.com ကယူလာတာပါ။ တချို့ချင်းတွေရဲ့ဆိုဒ်မှာ Mei Awm Law ဆိုတဲ့ စာသားလေးတွေ့ရင်တော့ မင်းကို မီးလာလှုံပါလို့ ကြိုဆိုတာပဲ ဖြစ်တယ်နော်။

ချင်းတို့၏ ယဉ်ကျေးသော စကားဖြစ်သည်။မီးမမွှေးရင်တောင်မှ တစ်ယောက်ယောက်က အိမ်ကို လာလည်ရင် မီးလှုံပါလို့ ကြိုဆိုကြလေ့ရှိသည်။ချင်းပြည်သည် အလွန်ချမ်းသောကြောင့် လာလည်သူ ဧည့်သည် အသားဘယ်လောက်ပဲ ဖွဲဖွဲ မီးဖိုနားကပ်မှာ ကတော့ အသေအချာပါပဲ။

ဧည့်သည်လာရင် အရင်ဆုံး Mei Awm Law ဟု ကြိုဆိုပြီးမှ ဧည့်သည်ကို မီးဖိုဘေးထိုင်ခိုင်းပြီးမှသာ လာရင်းအကြောင်းကို ပြောခိုင်းတတ်ကြသည်။ဒါမှမဟုတ်ရင် ဧည့်သည်တော် ချမ်းမှာပေါ့။

တကယ့်လက်တွေ့မှာလည်း ချင်းတောင်တန်းကြီးသည် အလွန်ချမ်းလွန်းပါသည်။ဒါကြောင့်လည်း မီးဖိုတွင် ထင်းမီးဖိုကာ မီးလှုံတတ်ကြသည်။ဆောင်းတွင်းတွင် အပြင်မှာ မီးပုံဖွဲ့ကာ ပြောင်ကြ၊လှောင်ကြ ရီစရာတွေ ပြောကာ အလွန်ပျော်စရာ ကောင်းပါသည်။

ဟိုးတခါတုန်းက ရန်ကုန်က တက်လာတဲ့ ဆရာကြီးတစ်ယောက်က ညတွင်တရားဟောပေးဖို့ တောင်းဆိုရာ သူက ညမှာတော့ မဟောတော့ဘူးတဲ့။မနက်ဖြန် နေပြန်ထွက်မှပဲ ပြန်ဟော ပါရစေ...ဟုငြင်းပြီး မီးဖိုနားကပ်ကာ မီးလှုံပါသည်။ဒါကတော့ အလွန်ချမ်းအေးသော အချိန် ဖြစ်ပါသည်။

အလွန်ချမ်းအေးတဲ့ ဆောင်ရာသီမှာ အပြင်မှာ မီးပုံဖော်ပြီး ချစ်သူနှစ်ယောက် အတူတူ ထိုင်ပါက မိုးလင်းပေါက် ထိုင်ဖို့ မခက်ခဲပါဘူး..ဟီးဟီး......ပန်းခြံမှာ ချစ်သူနှစ်ယောက် ထိုင်တဲ့ အရသာနဲ့ အတူတူ ဖြစ်မယ်ထင်တယ်..ဟီး......

အလွန်ချမ်းအေးတဲ့ ချင်းတောင်တန်းမှာ တစ်သက်မှာ တခါလောက်တော့ မီးလာလှုံကြပါလို့ အားလုံးကို ခင်မင်နွေးထွေးစွာ ဖိတ်ခေါ် ကြိုဆိုပါတယ်။

အားလုံးပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်း....ချင်းလေး

Quantcast

0 comments:

Post a Comment

Thang you!