ကြည့်ရန် အောက်က ပုံ(2ကNo.1)၊ ပုံ(4ကNo.2)၊ ပုံ(3ကNo.3)၊ ပုံ(1ကNo.4)
About Me
- ချင်းလေး
- ချင်းတစ်ယောက်ရဲ့ အလွမ်းစာမျက်နှာလေး မှလာရောက် အားပေးတဲ့အတွက် ကျေးဇူးတင် ပါသည်။
Labels
- Burma VJ (1)
- Chin Music Videos (4)
- JOHN RAMBO..ဂျွန်ရမ်ဘိုမြန်မာဇာတ်ကြမ်း (1)
- Lwinmoe travelling(လွင်မိုးခရီးသွားနေသည်) (1)
- Myanmar Music Mp3 (8)
- Myanmar Music Videos (7)
- ကဗျာ (5)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (6)
- စိန်စီသောည (1)
- ဓာတ်ပုံလေးတွေ (1)
- ဖတ်စရာလေး (6)
- ကြည့်စရာလေး (11)
- မြန်မာ စကားပုံ (1)
- ရှစ်လေးလုံးအရေးတော်ပုံ (1)
- ဟာသ (4)
- ဒေါ်အောင်ဆန်းစုကြည် ရရှိတဲ့ နိုဗယ်ဆုပေးပွဲ အခမ်းအနား (1)
- ဒေါက်တာ ဆလိုင်းထွန်းသန်း (1)
- ရေးမိတာလေး (8)
- အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း - တက္ကသိုလ်တင်စိန် (1)
Myanmar mp.3
ချစ်သူ နားဆင်ဖို့
ချင်းလေး နားဆင်ဘို့
နော်ဝေသီချင်း
အခုလည်း ဒီလိုပဲ...................
ပုဂံလမ်းက စောင့်နေမယ်....
တောင်ဇလပ်ပန်းလေး.....
Mother,How are you?(မေမေ)
ချယ်ရီကိုသာ ပန်ပါကွယ်.........
ချင်းတောင်တန်း...ဆလိုင်းသောန
တောင်တန်းကြီးသို့ လွမ်းတမ်းချင်း
မတူပီ သီချင်း
ချင်းတောင်တန်း မှ ချင်းသီချင်း
Salai Tuan Ling Thang
ထွဏ်းခမ်...ပျောက်ဆုံးဝိညာဉ်
Lai hla
Salai Tun Kham...Zogam
Salai sun ceu၏ သီချင်းစုစည်းသည်
ဆလိုင်းဆွန်ကျဲအို
ဆလိုင်းဆွန်ကျဲအိုရဲ့သီချင်း ရှိပါက ပေးပို့လှူဒါန်းနိုင်ပါသည်။
|
ဒီနေ့ရောက် ဧည့်သည်တော်များ
မြန်မာပြက္ခဒိန်
Blog Archive
-
▼
2010
(66)
-
▼
August
(19)
- JOHN RAMBO...ဂျွန် ရမ်ဘို မြန်မာဇာတ်ကြမ်း
- ကျွန်တော်ကြိုက်တဲ့ ထိုင်းမင်းသား(၁)
- ခေါ်နုမ်းတုန် သက်သေ...
- အမှတ်တရ မလေးရှား
- ချင်းပြည်နယ်သို့...ခရီးတစ်ခေါက်....
- ဘလောက် ချစ်သူ
- ချင်းတောင်တန်း ပြတိုက်
- ချင်းလဲင်းဖွဲ့စည်းပုံအခြေခံမူကြမ်း(၄)...Chin forum
- ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ...ဆလိုင်းကီလဲအောမ်း
- တောင်ပေါ် ခေါင်ရည်ချိုမြမြ
- အချစ်ဆုံး...မိုင်လေးထံသို့
- လွမ်းတယ်
- ဗိုလ်ချုပ်အောင်ဆန်း
- ကျွန်တော်နှင့် Pepsi
- ကြောင်လည် ခေါင်းလောင်း
- ရွှေငါးလေး
- သူဌေးသမီးလေးသို့........
- နတ်သမီးလေးသို့...ပြန်စာ
- ၆၂နှစ်မြောက် ချင်းအမျိုးသားနေ့
-
▼
August
(19)
Powered by Blogger.
Saturday, August 28, 2010
Wednesday, August 25, 2010
Sunday, August 22, 2010
ခေါ်နုမ်းတုန် သက်သေ...
(၁)ဘိုးဘွားများရဲ့ ၀ါကြွားသံ
ငါကသာ အမြင့်မြတ်ဆုံး
ငါကသာ အောင်နိုင်သူ
ဆိုတဲ့ အိမ်ရှေ့က မှတ်တိုင်ကလေးတွေ
အနားဂတ်ရဲ့ ရွက်နုအခက်ကလေးတွေ
ချိုးနေတာပဲ...........
(၂)အဖေအမေများရဲ့ ၀ါကြွားသံ
ငါက ဘယ်နှစ်ခါ ပွဲလုပ်တယ်
ငါက ဘယ်နှစ်ကောင်သတ်တယ်
ဆိုတဲ့ ပွဲတိုင်းကျော်သလိုလိုနဲ့
သားသ္မီးတွေရဲ့ မျက်စိကို
ကန်းစေတာပဲ....
(၃)ငါတို့ရဲ့ ၀ါကြွားသံ
ငါက ဒီလို...ဒီလိုကွ
သူက အလကား...ဗလာပဲကွာ
ဆိုပြီး...ဘီယာလေးတစ်ခွက်မော့
ကြည့်လိုက်တိုင်း
ဘ၀ကိုတော့ မမေ့နဲ့ဦး။
မြင်ပါဦး...ကြည့်ပါဦး
တွေးခေါ်ပါဦး...စဉ်းစားပါဦး
သုံးသပ်ပါဦး.....
မယုံရင် လှည့်ကြည့်ပါဦး
မကြားရင် နားစွန့်လိုက်ပါဦး
အရာရာမှာ နောက်ကျပြီ
အဘက်ဘက်မှာ နုံချာတဲ့
ငါတို့ရဲ့ မွေးရပ်ဌာနေ
ခေါနုမ်းတုန် သက်သေ။ ။
ဆလိုင်းလင်းတန်းရဲ့ ကဗျာလေးပါ။
Labels:
ကဗျာ
Sunday, August 15, 2010
Tuesday, August 10, 2010
Saturday, August 7, 2010
ဘလောက် ချစ်သူ
တစ်ဘလောက်ဝင် တစ်ဘလောက်ထွက်
ကမ္ဘာကို ပတ်ပြီးလျှောက်လည်ရင်း
တစ်ချို့ဘလောက်က လင်းလို့လက်လို့
တစ်ချို့ဘလောက်က စာလုံးလေးတွေ
အောက်ဆင်းလိုက် အပေါ်တက်လိုက်
ဟိုဘက်သွားလိုက် ဒီဘက်လာလိုက်နဲ့
ပညာတတ် မြန်မာ ဘလောက်ဂါတွေ
အားကျလိုက်တာကွယ်.................
ဒီလိုနဲ့ပဲ ငါလည်းစိတ်ပါလာရောပေါ့
ဟိုပြေးဒီပြေး ဟိုဖတ်ဒီဖတ်
ဟိုကြည့်ဒီကြည့် ဟိုမေးဒီမေး
ဟိုစမ်းသပ် ဒီစမ်းသပ်နဲ့
ကျောင်းချိန်မေ့ အလုပ်ချိန်မေ့
စားချိန်မေ့ အိပ်ချိန်မေ့လို့
စွန့်စားကြည့်တော့မှ
အခုတော့ဒီမှာ ကိုယ်ပိုင်နေရာလေး
တစ်ခုတော့ ဖန်တီးလိုက်ပါပြီ.......
ဟိုး...ရှေးရှေးတုန်းက
ပုံပြင်ထဲက ခွေးတစ်ကောင်
စပျစ်သီးကို စားချင်လွန်းလို့
ခုန်လိုက် ခုန်လိုက်နဲ့
ကြိမ်ဖန်များစွာ ခုန်တော့မှ
မမီတဲ့နောက်ဆုံး
ဒီစပျစ်သီးဟာ ချဉ်သတဲ့ကွယ်။
သူငယ်ချင်း မင်းတစ်ယောက်အတွက်
ချင်းတောင်တန်း ဓာတ်ပုံလေးတစ်ပုံလောက်
ပြနိုင်ဖို့ အရေး
ငါကတော့ မချဉ်သေးဘူးဟေ့
ဆက်ခုန်လိုက်ဦးမယ်။ ။
တောင်ဇလပ်နီနီ
Labels:
ကဗျာ
Friday, August 6, 2010
ချင်းတောင်တန်း ပြတိုက်
တောင်ယာပုံလေး
ရွှေဖရုံရွက်
ချင်းတောင်တန်း အလှရှုခင်းလေး
ချင်းဝတ်စုံနှင့် ဒေါ်အောင်ဆန်းစုကြည်
မင်းတပ်ဝတ်စုံနဲ့ လှနေတဲ့ အိန္ဒြာကျော်ဇင်
ဟားခါးချင်းဝတ်စုံလေးနဲ့ ချင်းမလေး
ချင်းပြည်ရှိ အသည်းပုံ ရိခေါဒါရေကန်(သို့)ရိရေကန်
အောက်ချင်းငှက် စုံတွဲ...Vakok
ချင်းရွာလေး
ချင်းပြည်နယ် မတူပီမြို့ရှိ ဘုံတလာ ရေတံခွန်
ကာဏ်း ၀တ်စုံနဲ့ ချင်းမလေး
ပါးမည်းထိုးထားသော ချင်းအမျိုးသမီးများပုံ
မင်အမျိုးသမီးပုံ
ဒိုင်ဝတ်စုံနဲ့ ချင်းမလေး
တီးတိန်ချင်း ၀တ်စုံ
ချင်းဝတ်စုံများနှင့် ချင်းပျိုမေများ
ချင်းအိမ်လေး
ချင်းရိုးရာများ
ဆက်လက်ရှာဖွေဦးမည်။
Labels:
ဓာတ်ပုံလေးတွေ
Wednesday, August 4, 2010
ချင်းလဲင်းဖွဲ့စည်းပုံအခြေခံမူကြမ်း(၄)...Chin forum
ချင်းလဲင်းဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း-၎
လေ့လာချင်သူများ အတွက်စုစည်းသည်။
လေ့လာချင်သူများ အတွက်စုစည်းသည်။
Labels:
ဖတ်စရာလေး
ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ...ဆလိုင်းကီလဲအောမ်း
Chin National Day Background History
မင်းသုခ ဘလောက်မှ ကူးယူပါသည်။
မင်းသုခ ဘလောက်မှ ကူးယူပါသည်။
Labels:
ဖတ်စရာလေး
Sunday, August 1, 2010
တောင်ပေါ် ခေါင်ရည်ချိုမြမြ
ခေါင်စုပ်နေပုံ
ခေါင်သည် ချင်းတို့ အတွက်မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။ရန်သူကို တိုက်ခိုက်တော့မည့် အချိန်တွင် ခေါင်ကိုထိပ်ပြီး ဆိုင်ရာများကို ခေါ်၍ စုဝေး တိုင်ပင်ဆွေးနွေးကြသည်။ဟိုးအရင်က ချင်းတို့တွင် စာချုပ်စာတမ်းဟူ၍ မရှိပေ။ခေါင်ရည် တစ်ခွက်ဖြင့် ကတိ ပြုခြင်း၊စာချုပ်များချုပ်ဆိုနိုင်သည်။ ခေါင်ရည်တစ်ခွက်သည် လွယ်လွယ်ကူကူ သောက်လို့ရသလို တခါတရံမှာ အသက်တစ်ချောင်းနှင့် ထပ်တူ ထပ်မျှပင် ဖြစ်သည်။ သေရေး ရှင်ရေးတွင် ခေါင်ရည် တစ်ခွက် သောက်ပြီးပါက အသက်ကို စတေးပေဆပ်ရမည် ဖြစ်သည်။ ပျက်ကွက်ပါက သင်သည် ယျောက်ကျား မဟုတ်ဟု အများတကာ အထင်သေးတာ ခံရတတ်သည်။
ခေါင်သောက်ပုံ
ပျော်ပွဲ ရွှင်ပွဲများတွင် ခေါင်ရည်သည် မရှိမဖြစ် လိုအပ်သည်။ခေါင်ပွဲများမက ပွဲတိုင်းတွင် ခေါင်ရည်ပါလေ့ရှိသည်။ ပွဲများတွင် ယောက်ကျား များသာ ခေါင်ရည် များများသောက်လေ့ရှိသည်။မိန်းမများက နည်းနည်းသောက်ရသည်။အကြောင်းမှာ ယောက်ကျားများ မူးလာပြီး ရန်ဖြစ်လာပါက မိန်းမများက ထိန်းကြတတ်သည်။နှစ်ယောက်စလုံး မူး၍ မဖြစ်ပေ။မိန်းမကောင်းများသည် ခေါင်ရည် မူးသည်ဟူ၍ မရှိပေ။
ခေါင်သည် ဆပ်နီကို အများဆုံးချက်ရသည်။ဆန်၊ဆပ်ဝါနှင့်ပြောင်းဖူး များချက်နိုင်သည်။ပြောင်းဖူးချက်သောခေါင်သည် ခါးသောအရသာ ရှိပြီး ကောက်ညှင်းသည် အကောင်းဆုံးဖြစ်သည်။ခေါင်သည် ထမင်းချက်သလို ချက်ရသည်။ပြီးရင် အအေးခံပြီး တဆေနှင့် ရောကာ တောင်းကြီးထဲ ၂၊၃ ညထားရသည်။တဆေပြုလုပ်ခြင်းကတော့ သေချာမသိပါ။ကြားဖူးတာကတော့ကျင်း၊ငရုပ်၊ဆန်နှင့်နွယ် ပင်တမျိုးကို ပေါင်းစပ်၍ ပြုလုပ်သည်ဟု သိရသည်။လူတိုင်းလုပ်လို့ မရပါ။တဆေ လုပ်သူတွေဆီမှာ ရှေးရှေးကတည်းက ပိုင်ဆိုင်လာတဲ့တဆေ အဖိုနှင့်အမ ရှိသည်ဟုသိရသည်။သူတို့တဆေလုပ်တိုင်း အဖိုအမ သီးသပ်ထားကြသည်ဟုကြားဖူးသည်။ ချင်းပြည်နယ် တောင်ပိုင်းရှိ မြို့များတွင် ဆိုင်တိုင်းတွင် တဆေကို ၀ယ်နိုင်ပါသည်။တဆေသည် အမျိုးသမီးချင်းတာ လက်ကမ်း၍ အပေးအယူရှိသည်။ စိတ်ကြမ်းသော မိန်းမက ပေးလျှင် ခါးသည်။စိတ်ကောင်းသော မိန်းမပေးသော တဆေသည် သူ့စိတ်အတိုင်း ခေါင်ရည် ချို သည်ဟု အယူရှိသည်။
ခေါင်အိုးကို ရှည်လျားသော အရွက်များဖြင့် ပိတ်ကြသည်။အဖုံးပိတ်သောအခါ ၂ထပ်ပိတ်ရသည်။ပထမအထပ်ပေါ်တွင် အ၀တ်ဖြစ်ဖြစ်တခုခု ခံပြီး နောက်ထပ်ပြန်ပိတ်ရသည်။အဆင်ပြေသော မိသားစုတို့သည် ပျားဖယောင်းဖြင့် ပိတ်ကြသည်။ ခေါင်အိုးပိတ် သော အရွက်များကြည့်ပြီး ချောက်လာပါက ခေါင်ချို လာသည်ဟု တွက်ဆနိုင်သည်။တစ်လအတွင်း သောက်သုံးနိုင်သည်။ခေါင်သည်တစ်နှစ်မှ ခြောက်နှစ် အထိထားနိုင်ပြီး ကြာကြာ ထားလိုသော ခေါင်ကို နည်းနည်းမာ အောင်ချက်ပေးရသည်။
ခေါင်သောက်ပုံ
ခေါင်ချက်စဉ်တွင် လင်မယား အတူမ အိပ်ရ။ချက်တဲ့နေ့ကစပြီး ခေါင်အိုးထဲထည့်သည့် အထိပေါ့။အတူတူအိပ်ပါက ခေါင်ပျက်သည်ဟု အယူအဆ ရှိသည်။ခေါင်ချက်သောအိမ်တွင် လူစိမ်းဝင်၍ မရပါ။အိမ်ရှေ့တွင် သစ်ရွက်စိမ်းများထားတတ်ကြသည်။သစ်ရွက်စိမ်းများ အိမ်ရှေ့တွင်မြင်ပါက သူခေါင်ချက်သည်ဟု သိနိုင်သည်။ခေါင်ချက်၍ အအေးခံချိန်တွင် တံခါးများပိတ်ရသည်။ခေါင်ချက်သူမှအပ မိသားစု အားလုံးအပြင် ထွက်ရသည်။အပြင်ကလူအထဲဝင်၍ မရသလို အထဲက ခေါင်ချက်သူကိုကူညီ လိုပါက မပြီးမချင်း အပြင်ထွက်၍မရပါ။
အကယ်၍ အပြင်လူဝင်လာပါက အဖတ် နည်းနည်းယူပြီး မြည်းခိုင်းသည်။သူကအရမ်း ချိုသည်ဟု ပြောရမည် ဖြစ်သည်။ဒါဆိုရင် ခေါင်မပျက် ဟု အယူရှိသည်။ကျွန်တော် ငယ်ငယ်တုန်းက အိမ်နားက ခေါင်ချက်သူအိမ်တွင် ပြေးဝင်မိသည်။အိမ်ရှင်က ထုံးစံအတိုင်း ခေါင်ဖတ် ယူပြီးမြည်းခိုင်းသည်။ချိုသလား ဟုမေးသည်။ မချိုပါဘူးဟုပြန်ပြောတော့ ချိုတယ်လို့ ပြောရတယ် ကလေးရယ်လို့ ပြန်ပြောသည်။ချိုသည်ဟု ပြန်ပြောပေးခြင်းဖြစ် ခေါင်မပျက်နိုင်ဟု အယူရှိသည်။ခေါင်ထည့်မည့် ခေါင်အိုးများကို သေချာ သန့်ရှင်းအောင် ဆေးပြီး ခြောက်အောင် နေပူလှန်းရသည်။
အလွယ်ဆုံး ခေါင်၊လှော်စာပြုလုပ်နည်းမှာ ထမင်းကျန်ကို မလွှတ်ပစ်ဘဲ တဆေနှင့်ရောပြီး ကြွက်ကြွက်အိတ်ထဲထည့် လုံအောင်ပိတ် အိုးဖြစ်ဖြစ် နည်းနည်း လေလုံတဲ့ နေရာတွင် ထားပေးရသည်။တစ်ပတ်လောက်ဆိုရင် လှော်စာ ချိုချို စားနိုင်ပါသည်။
ခေါင်ကိုနေပူ လှန်းပုံ
ချင်းတို့စပါးကျီ ထဲတွင် ခေါင်၃လုံးမှ ၆လုံး ထိတကယ့် အကောင်းစားများ ထားတတ်ကြသည်။ဥပမာ မပြောကောင်း မဆိုကောင်း ရုတ်တရက် သေဆုံးလျှင်ဒါမှမဟုတ် အရေးပေါ်ပြဿနာ ကြုံပါက အသုံးပြုရန် ဖြစ်သည်။ခေါင်သည် ကြာလာသည်နှင့်အမျှ ခေါင်အိုး၏ အောက်ခြေတွင်အရည်များစုလာတတ်သည်။ကြာကြာထားလိုသော ခေါင်ကို အဲဒီအရည် ၁လတစ်ကြိမ် စုပ်ပေးရသည်။မစုပ်ပေးပါက ခေါင် ပျက် နိုင်သည်။အဲဒီအရည် မျိုးစုပ်ချင်သဖြင့် ကျွန်တော်ငယ်ငယ်တုန်းက အမေ စပါးကျီ သွားတိုင်း လိုက်သွားတတ်သည်။ခေါင်သည် ပျက်မပျက် အမြဲ ဖွင့်ပြီး ကြည့်ရှု စမ်းသပ်နိုင်သည်။စမ်းသပ်သော အခါ လက်နှင့်မယူရ။ဓား၊ဇွန်း သစ်ရွက်တခုခုဖြင့် လက်ကို ခံပြီး ယူပါက မပျက်နိုင်ပါ။ဤနည်းဖြင့် ခေါင်အိုးထဲရှိ ခေါင်ဖတ်ကို တစ်ဝက်ယူပြီး တစ်ဝက်ထားနိုင်သည်။ပျက်သောခေါင်ရည်ကို အလွန်ချည်၍ သောက်မရပါ။
ခေါင်သောက်သော အခါ ခွက်ဖြင့်ချိန်၍ သောက်ရသည်။ခေါင်တစ်အိုး အတွက် ခွက်တစ်လုံးတာ ထားရမည် ဖြစ်သည်။ခေါင်တစ်လုံး အတွက် စီမံခန့်ခွဲ သူတစ်ယောက်ရှိသည်။ကြီးစဉ်ငယ်လိုက် အလှည့်ကျတတ်သည်။စီမံသူက ခွက်ထဲတွင် ရေထည့်ပြီးပေးမည်ဖြစ်ပြီး ခေါင်ရည်စုပ်ပြီး ရေများအောက်ကျ သောအခါ လက်ထဲရှိရေနှင့်ဖြည့်ပေးရသည်။လက်ထဲရှိရေ ကုန်ပါက ထပ်ထိုင်လို့ မရပါ။အထူးဧည့်သည် များဦးစားပေးတတ်ကြသည်။
နွားနောက်ဦးချိုတွင် ခေါင်ရည်ထည့်ပြီးပေးသော လူသည် အရေးကြီးသော လူဖြစ်သည်။တနည်းပြောရရင် ဇာတ်လိုက်ဖြစ်သည်။နွားနောက်ဦးချို၌ ထည့်သော ခေါင်ရည်သည် တချို့ လူနဲ့မတည့်ပါ။မူးလွယ်သည်။ကျွန်တော့်အဖေသည် နွားနောက်ဦး ချို ခေါင်ရည်နှင့် မတည့်သဖြင့် အမေက အမြဲ ၀င်တားခဲ့ဖူးသည်။သိပ္ပံနည်းကျ ပြောရင်တော့ မှားနိုင်သည်။တခြားရောဂါ ကြောင့်လည်းဖြစ်နိုင်သည်။စာရေးသူက အယူအဆ များကိုသာရေးခြင်း ဖြစ်သည်။
ခေါင်အိုးကို နေပူလှန်းပုံ
ဗမာကို ခေါင်ရည် မမြည်းခိုင်းနဲ့...ချင်းကို အမြည်းမကျွေးနဲ့ ဟူသော ဆိုရိုးစကားကြားခဲ့ဖူးသည်။အကြောင်းမှာ ဥပမာ ကျွန်တော်၏ ခွဲတမ်း ခေါင်ရည်ကို တခြားလူကိုမြည်းခိုင်လို့ရသည်။နည်းနည်း သောက်ပြီး ပြန်ပေးရန်ဖြစ်သည်။ယာဉ်ကျေးမှုသာ ဖြစ်သည်။တနည်းပြောရရင် မိတ်ဆက်ခြင်း ဖြစ်သည်။ဗမာတွေမြည်းခိုင်းပါက အကုန်သောက်ပေးသောကြောင့် ထင်သည်။ချင်းကို အမြည်းမကျွေးရ။အမြည်းသည် တနည်းပြောရင် အလှစားရန် ဖြစ်သည်။နည်းနည်းစီ စားရသည်။ချင်းကို အမြည်း ကျွေးသောအခါ ထမင်းစားသလို စားသောကြောင့် ခဏနဲ့ ကုန်တတ်သည်။ဒါကြောင့်ချင်း ကို အမြည်းမကျွေးရစကား ပေါ်လာခြင်းဖြစ်သည်။
ဟဲဟဲ...အခုဆိုရင် ခေါင်ရည်လည်းကြည့်သောက်မယ်...အမြည်းလည်းကြည့်စားတော့မယ် ဟေ့...ဟီးးး
ဈေးတွင်ရောင်းသော ခေါင်ရည်သည် အစစ်မဟုတ်ပါ။ခေါင်ရည်ကို ရသလောက်ယူပြီး အရက် သကြားနှင့်ပြန်ရောကြသည်။ ခေါင်နံ့သာ ထွက်ပြီး အရသာက BEအရက်သာ ဖြစ်သည်။ တောရွာများတွင်သာ ချောင်ရည် အစစ်ရနိုင်သည်။ခေါင်ထိပ်သော အခါ တစ်ပတ်အတွင်းသောက်နိုင်သည်။ ခေါင်အိုးအ၀တွင် ညောင်ရွက်ဖြစ်ဖြစ် တခြားအရွက်များဖြင့်ပိတ်ပြီး ထိပ်နိုင်သည်။စုပ်ရမည့် တိုင်ကလေးစိုက်ပေးရသည်။ပြီးရင် ရေထည့်သည်...ချက်ချင်းသောက်၍ မရပါ။တစ်နာရီ ခန့် စောင့်ပေးရသည်။သောက်ပြီးသား ခေါင်ဖတ်ကို စားလို့မရပါ။သောက်ပြီးသား ခေါင်ဖတ်များ ကို ၀တ်ကျွေးလို့ရသည်။ဝတ်စာတွင်များများမထည့်ရ။ဝတ်ကိုသေ စေ နိုင်သည်။အိမ်တွင် ရောက်လာသော ဧည့်သည်များကို ခေါင်ထိပ်ပေးတတ်ကြသည်။
ဧည့်သည် မမူးပါက အိမ်ရှင် မကျေနပ်ပါ။ဧည့်သည်မထနိုင်အောင်မူးပါက အိမ်ရှင်ကျေနပ်သည်။ဧည့်ဝတ်ကျေသည်ဟု ထင်တတ်ကြသည်။ဧည့်သည်ကို ထမင်းကျွေးရာတွင် ဧည့်သည် သည်ဗိုက်နာသည် အထိ စားမှငါတို့ ကျေနပ်သည်။နည်းနည်း စားပါက ငါချက်သော ထမင်း ဟင်းမကောင်းလို့ သူနည်းနည်းပဲ စားသွားတယ်ဟု အိမ်ရှင် စိတ်မကောင်း ဖြစ်တတ်သည်။ တစ်မျိုးပြန်ကြည့်ရင် တစ်ဖက်သားကို ရိုင်းရာကျပေမယ့် ရိုးရာအစဉ် အလာ တစ်ခုတာ ဖြစ်ကြောင်း။
ချင်းတောင်တန်းဆီကို တစ်ခေါက်လောက်လာလည်ပြီး တောင်ပေါ် ခေါင်ရည် ချိုချိုမြမြကို လာသောက်ကြပါလို့ အားလုံးကို ခင်မင်စွာ ဖိတ်ခေါ်ပါတယ်။
Labels:
ရေးမိတာလေး
အချစ်ဆုံး...မိုင်လေးထံသို့
သတိ ရပေါင်း များစွာဖြင့် အဝေးတစ်နေရာ ကနေ မိုင်လေးထံ စာရေးနှုတ်ဆက်လိုက်ပါတယ်။ အခုချိန် မိုင်...နေကောင်းသလား။မိုင်...နေကောင်း ကျန်းမာ ဘို့ရန် အမြဲပဲဆုတောင်း ပေးပါတယ်။ မိုင်...ခုချိန်ဘာတွေ တွေးနေ သလဲ။မိုင်...အခုချိန်ဆိုရင် တို့တောင်ပေါ် မှာ ချယ်ရီတွေ တောင်ဇလပ်ပန်းတွေ ပွင့်တော့ မှာပဲနော်။
ပျော်စရာကောင်းသလို ဒီဇင်ဘာဆောင်းလရက်တွေ ရောက်လာပြီ ဆိုတော့ လွမ်းစရာတွေ လည်းဖြစ်မှာပေါ့နော်။ခရစ္စမတ်လည်း ရောက်လုပြီ။ဟိုး တစ်ချိန်က ပျော်စရာ သီချင်းလေးတွေဟာ အခုတော့ လွမ်းစရာ သီချင်းလေးတွေ အဖြစ် ပြောင်းပြန် စီးဆင်းနေပါတော့တယ်။ တစ်ချိန်က အတူတူ သီဆိုဖူးတဲ့ သီချင်း လေးတွေကို တစ်ခါတစ်ခါ ညည်းဆိုဖြစ်ခဲ့တယ်။ ဒါဘာကြောင့်လဲ သိလား...သတိရလွန်းလို့ပါ။
အခုချိန်ဆိုရင် ချယ်ရီတွေ တောင်ဇလပ်တွေ မကတောတောင်တွေမှာ ပန်းရောင်စုံများ စုံလင်စွာ ဖူးပွင့်ဝေ ဆာ လှပနေမှာပဲနော်။ တို့ရဲ့ တောင်ပေါ်ရွာလေးနဲ့ မိုင်လေးကို လွမ်းလိုက်တာကွာ။ကိုယ် ရောက်တဲ့ နေရာမှာတော့ ဘာပျော်စရာမှ မရှိဘူး။အိမ်တွေ ခြံတွေ အရာရာတွေနဲ့ ပြည့်စုံ ပေမယ့် ငါတို့ရွာလေးလို ပျော်စရာ ဘာတစ်ခုမှ မရှိဘူး။
တို့နှစ်ယောက်ကြားမှာ သမုဒ္ဒရာကြီးတွေ...အခါခါ တောင်တန်းကြီးတွေ အထပ်ထပ် ကာဆီး ပိုင်းခြား ထားပေမယ့် မမြင်နိုင်တဲ့ သံယောဇဉ် ကြိုးကတော့ သွယ်တန်းနေ ဆဲပဲ မိုင်...။ရာသီတွေ အလီလီ ပြောင်းလဲပြီး နှစ်တွေ အခါခါ ဟောင်းသွားပေမယ့် တို့နှစ်ယောက် ရဲ့ ချစ်ခြင်းမေတ္တာဟာ ရင့်ကျက်မှုနဲ့အမျှ ပိုပြီး ခိုင်မာနေဆဲပါ။
မိုင်...မြို့ထဲ လျှောက်သွားရင်လည်း လူတွေက နာမည်ကြီး မင်းသား လာနေ သလို ၀ိုင်းကြည့်ကြတယ်။နောက်မှာ ကောင်မလေးတွေက ခူးခူးခစ်ခစ် ရယ်ကြတယ်။အင်္ဂလိပ် စကားလည်း ရေရေလည်လည် မပြော တတ်တော့...ဟိုးတစ်ခါတုန်းက ခရစ္စမတ်မှာ မျက်နှာကို အ၀တ်နဲ့ပတ်ပြီး ပစ္စည်းတစ်ခုခု ကိုလိုက်ရှာတဲ့ ကစားနည်းလိုပါပဲ။အမှောင်ထဲ စမ်းတ၀ါဝါနဲ့ နေ့စဉ် ဘ၀ကိုဖြတ်သန်းနေတယ်။ငါတို့ ခရစ္စမတ် မှာတော့ အဲလိုကစားနေတဲ့ချိန်မှာ ဘေးမှာ မိုင်နှင့်အတူ သူငယ်ချင်းတွေက ၀ိုင်းရယ် အားပေးလို့ ပျော်စရာတောင် ကောင်းသေးတယ်။
မိုင်...မှတ်မိသေးသလား မသိ။ငါတို့ ကျောင်းတက်တုန်းက အင်္ဂလိပ် ဆရာက သူ့မျက်မှန် သပ်လိုက် ဖြုတ်လိုက်နဲ့ ကောင်မလေးတွေ ရှေ့မှာ အလှပြတာနဲ့ အချိန်တွေ ကုန်ကုန်နေတယ်။ငါတို့ ရေကြည့် ဖူးသေးတယ်နော်။၄၅ မိနစ် တစ်ချိန်မှာ ဆရာက သူ့မျက်မှန် ဖြုတ်လိုက် သပ်လိုက်တာ ၇၉ကြိမ်တိတိ ရှိတယ်နော်။အဲဒါကြောင့် ငါတို့ ကျောင်းမှာလည်း သင်ခန်းစာတွေ မကြေလို့ ဒီလို သူများနိုင်ငံမှာ ဒုက္ခ ရောက်နေတာပေါ့။
မိုင်...ဟိုးတစ်လက စာရေးတာ မရောက်ဖူးနဲ့ တူတယ်။ဘယ်သူမှ မသိတဲ့ တို့နှစ်ယောက်ရဲ့ အချစ်တွေဟာ ဘယ်သူမှ မသိအောင် တို့နှစ်ယောက်ရဲ့ ရင်ထဲ အသည်းထဲမှာပဲ သိမ်းဆည်းရအောင်နော်။ပြန်ဆုံဖို့ ကြိုးစားလိုက်တိုင်း ဝေးတထက်ဝေးနေတဲ့ တို့နှစ်ယောက်ရဲ့ အချစ်တွေဟာ မေ့ပစ်ဖို့ ကြိုးစားလိုက်တိုင်းလည်း ရင်မှာ နာကျည်းလွန်းတယ်။
နက်ဖြန်နေ့မှာ အသက်ရှင်သေးရင် ချစ်ခွင့်တော့ရှိသေးတယ်...မျှော်လင့်ခွင့်ရှိသေးတယ်....မိုင်။နောင်ဘ၀မှာ ပြန်ဆုံဖို့ ဆုတောင်းဖို့လည်း နောင်ဘ၀ ဟာသိပ်မသေချာဘူး မိုင်ရယ်။ကံကြမ္မာ ဟာ တို့နှစ်ယောက်အတွက် ရက်စက်လွန်းတယ်။ကံမကုန်ရင် ပြန်ဆုံမယ်...ဆိုတဲ့စကား လိုပဲ ပြန်ဆုံနိုင်မယ့် အဖြူရောင်နေ့ လေးကိုပဲ မျှော်လင့်ရင်းနဲ့ လုပ်စရာတွေ ဆက်လုပ်ရဦးမယ်။ဒီလိုပဲ တို့နှစ်ယောက် လူချင်း ဝေးပေမယ့် သွယ်တန်းနေတဲ့ သံယောဇဉ် ကြိုးလေးက တို့နှစ်ယောက်ရဲ့ အချစ်တွေကို ပိုပြီး ခိုင်မာအောင် ရစ်နှောင် ဆက်သွယ်ပေး မှာပါ။
မိုင်လေးအတွက်
မိုင်....မင်းကိုငါယုံကြည်တယ်။
မိုင်...ထာဝရ ချစ်နေမယ်....ဆက်ချစ်နေဦးမယ်။
မိုင်...ဒီစာ ကို ဒီမှာပဲ ရပ်နားလိုက်တော့မယ်နော်။
မိုင်...ဒီစာကိုဖတ်ပြီး ဒီည အိပ်လာသော အခါ အိပ်မက် လှလှလေးမက်နိုင်ပါစေလို့။
မိုင်...ဒီည မင်းနဲ့ငါ မိုးပေါ်မှာ ငြိမ်းချမ်းစွာ သာနေတဲ့ လမင်းကြီးရဲ့ မျက်နှာပေါ်မှာ ဆုံရအောင်နော်။
သိပ်ချစ်တဲ့...မိုင်
Labels:
ရေးမိတာလေး
လွမ်းတယ်
အဖေ အမေ ရှိလျက်သားနဲ့
မခေါ်နိုင်တာ.................
ငယ်ဖော်တွေ ရှိလျက်သားနဲ့
မပျော် နိုင်တာ................
ပြည်တော် ရှိလျက်သားနဲ့
မပြန် နိုင်တာ.............
ဘာကြောင့် ညာကြောင့်လို့
မပြောချင်ပါဘူး ဟိုကြောင့်
ဒီကြောင့်လို့လည်း အကြောင်း
မပြချင်ပါဘူး...ငါ့ရဲ့ကံလို့ပဲ
မှတ်လိုက်တော့မယ်.......
တကယ်တော့
ဆေးရောင်စုံနဲ့ စီခြယ်ထားတဲ့
တိုက်အိမ်ကြီးဟာ ၀ါးကြမ်း
အိမ်လောက်တော့ သဘာဝ မကျပါဘူး။
အလုံပိတ်တဲ့ တိုက်ခန်းထဲက
အဲယားကွန်းဟာ ၀ါးကြမ်းကြားက
တိုးဝင်လာတဲ့ လေညင်းလောက်တော့
မအေးမြပါဘူး။
ရေခဲစိမ်ဘီယာဟာ တောင်ပေါ်ခေါင်ရည်
လောက်တော့ မချိုပါဘူး။
ဈေးကြီးကြီးနဲ့ဝယ်ရတဲ့ ရေသန့်ဗူးဟာ
စမ်းရေလောက်တော့ မအေးပါဘူး။
ဆီပြန်ဟင်းလျာတွေဟာ ပြာရည်ဟင်း
လောက်တော့ မမြိန်ရှက်ပါဘူး။
လူစီကားတဲ့နာမည်ကြီး ပန်းခြံကြီးဟာ
တောင်ပေါ် ရှုခင်းလောက်တော့
မသာယာပါဘူး။
မိတ်ကပ်ထူထူနဲ့ ရွှေအိုရောင်ဆံပင်
ပိုင်ရှင်မလေးဟာ တောသူမလေး
လောက်တော့ မယဉ်ပါဘူး။
ဒီမှာ.............................
ရွှေတွေ...ငွေတွေ အရာရာတွေနဲ့
ပြည့်နှက်ပေမယ့် စိတ်မချမ်းသာ
တာကတော့ အမှန်ပါပဲကွာ......
လူ့လက်မပါ...သဘာဝတရားနဲ့ လှပပြည့်စုံနေတဲ့
တောမင်းသားတို့ရဲ့ မွေးရပ် ဇာတိ ဌာနေဟောင်းကို
ပြန်ချင်လိုက်တာ လွမ်းလိုက်တယ်ကွာ.............
ရွာကိုလွမ်းလျက်....
Labels:
ကဗျာ
ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကား
ကျွန်တော် ၁၉၈၈ တွင် ကျောင်းဝင်သည်။အစ်ကိုက ကျောင်းသွားအပ်သည်။၂လ လောက်ကျောင်းတက်ပြီး ကျောင်းသားအရေးအခင်းဖြစ် ကာ ကျောင်းပိတ်လိုက်ရသည်။ကျွန်တော်တို့ ကျောင်းသည် အခန်းမပါ အကျယ်ကြီး ဖြစ်သည်။ထိုကျောင်းကို ရောက်ပြီး ဟိုကြည့် ဒီကြည့် ကြည့်ရင်း ဗိုလ်ချုပ်အောင်ဆန်း ပုံ၂ပုံတွေ့ရသည်။ဦးထုပ်နဲ့က ပိုပြီး သဘောကျသည်။ ကျွန်တော်ကတော့ ဗိုလ်ချုပ်အောင်ဆန်းမှန်း မသိပါ။ပုံကို သဘောကျသဖြင့် သူငယ်ချင်းများမေး ကြည့်ရာ ဗိုလ်ချုပ်အောင်ဆန်းပုံတဲ့။ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလည်း မသိဘဲနဲ့ ထိုပုံကို လိုချင်မိသည်။ကျွန်တော့် အိမ်ထဲ တွင်ကပ်ချင်သည်။
ညနေ ကျောင်းဆင်းပြီး အိမ်ပြန်ရောက်တော့ အဖေကို မေးကြည့်သည်။ဖေဖေ ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံလိုချင်တယ် ၀ယ်ပေးပါလား လို့ပြောလိုက်တော့ ဖေဖေကအဲဒီ ဗိုလ်ချုပ်အောင်ဆန်းပုံ ၀ယ်လို့မရဘူး။ဆိုင်မှာမရောင်းကြဘူးတဲ့။ဒါဆိုရင် ကျောင်းက ပုံကို ဘယ်ကရတာလဲလို့ ထပ်မေးတော့ ဖေဖေက အစိုးရက ထုတ်ပေးတာတဲ့။အစိုးရက ဘယ်သူလဲလို့ ပြန်မေးတော့ ဖေဖေက စာအုပ်တဲ့။ကျွန်တော် စဉ်းစားသည်။အစိုးရက စာအုပ်တဲ့ စာအုပ်က ဘယ်လို ဗိုလ်ချုပ်အောင်ဆန်းပုံ ထုတ်ပေးတတ်တာလဲဟု။ပြီးတော့ ကျွန်တော်ထပ်မမေးတော့ပါ။
၁၉၉၉မှာ ရွေးကောက်ပွဲ လုပ်လာကြသည်။ဖေဖေက ဒီမိုကရေစီအဖွဲ့မှာ သွားပါတော့...ဗိုလ်ချုပ်အောင်ဆန်းပုံလေးရယ်...ခွပ်ဒေါင်းအလံပုံလေး ရယ်...ကပ်ပြားလေးတစ်ခုရယ် ရလာတယ်။ဗိုလ်ချုပ်အောင်ဆန်းတံဆိပ်ပုံလေး ဖေဖေက ငါ့ကို တပ်ခိုင်းသည်။ခဏကြာမှ ပြန်ဖြုတ်ပေး သည်။သူ့ပိုက်ဆံအိတ်ထဲ ထည့်ပြီး သားမယူနဲ့နော်။ဒါအရေးကြီးတယ်တဲ့။သေတ္တာထဲမှာ ထည့်ကာ သော့နဲ့ ခတ်ထားသည်။ဖေဖေ သော့ထား တဲ့နေရာကြည့်ပြီး ဖေဖေမရှိတဲ့အချိန်တိုင်း သော့ဖွင့်ကာ ဗိုလ်ချုပ်အောင်ဆန်းပုံလေးယူပြီး အဖေကပ်ပေးသလို ကပ်ကာ မှန်ခဏခဏ ကြည့်တာလဲ အမော။
ကျောင်းပြန်တက်တော့ ဦးထုပ်ဆောင်းတဲ့ ပုံက တတိယတန်းရှေ့မှာ ဦးထုပ်မပါတာက စတုတ္ထတန်းရှေ့တွင် ကပ်ထားသော ဗိုလ်ချုပ်အောင် ဆန်းပုံကိုကြည့်ပြီး ဗိုလ်ဦးထုပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းက ပိုပြီး သဘောကျသဖြင့် တတိယတန်းရောက်ဖို့ အရမ်းကြိုးစား ခဲ့ဖူးသည်။တတိယတန်းရောက်တော့ အရမ်းကျေနပ်ခဲ့ဖူးသည်။
ဆရာမက စာဖတ်ကြပါလို့ ပြောတိုင်း သူငယ်ချင်းတွေနဲ့ တစ်ယောက်ကို တစ်ယောက် ဖခုံးပေါ် လက်တင်ပြီး ခုံတန်းကြီးမှာ ထိုင်ကာ ဟိုယိုင် ဒီယိုင် ရွက်ဆိုခဲ့သော အောင်ဆန်းဇာနည် ကဗျာကို (ကူကယ်)ဆီ ကူပါ ကယ်ပါဟု သွားအော်ရင်း ကိုရဲရင့်နီ ရဲ့ အိမ်အထိ ပြေးရောက်သွားရော တတိယတန်းတုန်းကပုံလေး တွေ့တာနဲ့ မပြော မဆို ယူလာပြီး အောက်မှာ တင်ထားပါတယ်။
"အောင်ဆန်းဇာနည်"
ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်း အကြောင်းပြောခဲ့ ဖူးသည်။ဗိုလ်ချုပ်အောင်ဆန်းသာ မသေရင်ငါတို့ရွာမှာ ကားလမ်း ပေါက်ပြီး ကျွန်တော်တို့ ကားစီးလို့ရမှာ၊စက်ဘီးစီးလို့ရမှာလို့။ကားဆိုရင် စာရွက်ပေါ် မှာပဲမြင်ဖူးတာ။စက်ဘီးကတော့ ရှားရှားပါးပါး ကျွန်တော်တို့ရွာက လူတစ်ယောက်က အိန္ဒိယပြည်ကနေ ရွာ(၁၂)ရက် ခရီးမှာ ထမ်းလာတာကို စာရေးကြီးက ဘော်လုံးကွင်းမှာ စီးပြတာ မြင်ဖူးသည်။အဲဒီလူက စီးဘို့ထမ်းလာတာမဟုတ်ဘူး သူမစီးတတ်ဘူး။ပြန်ရောင်းဘို့ထမ်းလာတာပါ။ဗိုလ်ချုပ်အောင်ဆန်းတာ အခုထိ အသက်ရှင်သေးရင် ငါတို့လည်း ဒီလိုစက်ဘီးမျိုး စီးနိုင်ကြမှာလို့ ခဏခဏ ပြောကြဖူးသည်။
ပုံ ဒေါင်းမင်း၏ဆိုဒ်မှ
စတုတ္ထတန်းရောက်တော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ဆရာမက ပြောပြသည်။ဗိုလ်ချုပ်အောင်ဆန်းက...ရိုးသားတယ်။မဟုတ်မခံ အမှန်တရားကို မြတ်နိုးတယ်။ရဲရင့်တယ်။သတ္တိရှိတယ်။မြန်မာ့လွတ်လပ်ရေးက ဗိုလ်ချုပ်အောင်ဆန်းက အရယူပေးတယ်..စသဖြင့် ပြောပြသည်။နောက်ဆုံးတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ဟာသူ သေတာမဟုတ်ဘူး။သေနပ်ကိုင် လူတစ်စုက သတ်လိုက်တာတဲ့...စိတ်မကောင်းစွာ ကြားရသည်။ဒီလောက်ကောင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဘာကြောင့် သူများက သတ်တာလဲ လို့မေးချင်ပေမယ့်...မမေးတော့ဘဲ ဆရာမပြောတာ ကိုပဲ ဆက်နားထောင်ရသည်။အဲဒီ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း နောက်တစ်ယောက်ထပ်ပေါ်လာရင် ကောင်းမှာပဲလို့ တွေးနေမိသည်။ဗိုလ်ချုပ်အောင်ဆန်းနောက်တစ်ယောက်ပေါ်လာပါစေလို့လဲ ဆုတောင်းခဲ့ဖူးသည်။
ကျွန်တော်အရမ်းလိုချင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို အခုတော့ ကျွန်တော်ရဲ့ အိမ်လေးမှာ ခမ်းခမ်းနားနားကပ်နိုင်လိုက်ပါပြီ။
အားလုံးကျေးဇူးတင်လျက်...တောမင်းသားလေး
Labels:
ရေးမိတာလေး
ကျွန်တော်နှင့် Pepsi
ကျွန်တော် ဟိုးလွန်ခဲ့တဲ့ (၇)တန်းတုန်းက ထင်သည် နွေရာသီကျောင်း ပိတ်ရက်မှာ ကချင်ပြည်ရှိ အစ်ကိုဆီ သွားလည်ပါသည်။သွားလည် သည်ဆိုပေမယ့် နောက်နှစ်ကျောင်း ပြန်တက်ဖို့ ကျောင်းစရိတ် သွားတောင်းတာပါ။နွေရာသီသည် အလွန်းပူ ပြင်းသောကြောင့် အအေးကို အရမ်းသောက်ချင်သည်။ အအေးဆိုင်မှာ ၀င်ထိုင်တိုင်း ဟိုးမှာ...၀ါ၊စိမ်း၊နီ၊ပြာ အအေးတွေ အရောင်တွေ စုံလို့။အရောင်တွေ ကြည့်လိုက်ရင် သူ့အရောင်နဲ့ သူလှကြတာပဲ။
ကျွန်တော်နှင့် သူငယ်ချင်း တစ်ယောက်က pepsi ကိုမှာသောက်သည်။သူငယ်ချင်းက ပြောသည်...ကျွန်တော်တို့နှစ်ယောက် ထိုင်တဲ့ ဆိုင်တိုင်းမှာ ဒီpepsi ထဲပဲသောက်တယ်။ အီလာတယ်။နောက်တစ်ခါ ပြန်ထိုင်တဲ့ ဆိုင်မှာတော့ တခြားသောက်ကြည့်ရအောင်နော်တဲ့။ ကျွန်တော်က ဟုတ်ကဲ့လို့ ထောက်ခံရော။ကားနားတဲ့ တစ်နေရာမှာ ဟိုး...အအေးဆိုင်မှာ ၀င်ထိုင်ပြန်ရော...စာပွဲထိုးက လာမေးတယ်..ဆရာကြီးတို့ ဘာသောက်မလဲ...ဘာစားမလဲပေါ့။ကျွန်တော်နှင့်သူငယ်ချင်းက မင်းမှာပါ...မင်းမှာပါနဲ့...နောက်ဆုံးတော့ pepsi ကိုပဲ ပြန်မှာဖြစ်တယ်။
အဲဒီ pepsi တောင်မှ ကံကောင်းလို့ သိတာ။pepsi နာမည်လေး မသိရင်တော့ သွားပြီ။အစ်ကိုရဲ့ သူငယ်ချင်းက ကျောက်စိမ်းခွဲတာ အောင်လို့ အိမ်မှာ pepsi တွေ အဖာလိုက်လာချပေးတယ်။အဲဒီမှာ အစ်ကိုက ဒါဟာ pepsi ဗူး ဆိုပြီး မိတ်ဆက်ပေး တာ နဲ့ သိသွားတာပါ။ ရွာမှာ ဆိုရင် pepsi လိုမျိုး အအေးတွေ သောက်ဖို့ မပြောနဲ့ မြင်တောင်မြင်ဖူးတာ မဟုတ်ဘူး။
ဒီလို နွေနေပူပူ မန္တလေးလို ပူပြင်းတဲ့ ခရီးမှာ အအေးဆိုင်တွေမှာ ၀င်ထိုင်လိုက်တိုင်း အ၀ါ အနီ အစိမ်းရောင် လေးတွေ သောက်ချင်ပေမယ့်...ဆိုင်ရှင်ကို အစိမ်းရောင်လေးက နာမည် ဘယ်လိုခေါ်သလဲ မေးဘို့လည်း ရှက်စရာ ကြီး။တောသားတွေက လုပ်ချပြန်ပြီ လို့ အထင်သေးဖို့ ကလည်း ကြောက်လို့ပေါ့။မရှိတဲ့ သိက္ခာတွေ ထိန်းရင်း pepsi ဗူးပေါင်းများစွာ သောက်ပြီး အိမ်ပြန်ခဲ့ရတယ်။
အခုထိ ကျွန်တော် pepsi ၀ယ်ပြီး အမှတ်တရ သောက်နေဆဲပါ။
အားလုံး ပျော်ရွှင်နိုင်ပါစေ။
Labels:
ရေးမိတာလေး
ကြောင်လည် ခေါင်းလောင်း
ရှေးရှေးတုန်းက ကြွက်တွေက...ကြောင်က ငါတို့ကို ရက်စက်စွာ သတ်ဖြတ်မြဲ သတ်ဖြတ်နေသည်။ ငါတို့တစ်ခုခုတော့ လုပ်ကြရအောင်။ ငါတို့ ဘာလုပ်ရင် ကောင်းမလဲ ဆိုပြီး ပြောဆို ဆွေးနွေး တိုင်ပင်ကြသည်။ကြောင်က ခြေသံမကြားရ အောင် တိတ်ဆိတ်စွာ သွားလာ ပြီး ငါတို့ကို ချောင်းမြောင်းဖမ်းဆုပ် သတ်ဖြတ်ခဲ့တယ်။ငါတို့ကို ရက်ရက်စက်စက် ကုပ်ခြစ် ညှင်းပန်း နှိပ်စက်ခဲ့တယ်။ကြောင်က ငါတို့ သားသမီး တွေ ကို ဖမ်းစားသတ်ဖြတ်လို့ ကြွက်ကလေးတွေ ကုန်လုနီးပါဖြစ်ပါပြီတဲ့။
ကြွက်တွေက သူတို့မှာရှိတဲ့ အကြံကြီး ဥဏ်ကောင်းတွေကို တစ်ကောင်ပြီး တစ်ကောင် တင်ပြကြတယ်။ငါတို့ကို ဘယ်သူကမှ လည်း လာမကယ်ဘူး...လာမကူညီကြဘူး။နောက်ဆုံးတော့ သူတို့ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ခဲ့ကြတယ်။
ငါတို့က ကြောင်၏ လည်ပင်းတွင် ခေါင်းလောင်း သွားချိတ်ရမယ်တဲ့။ဒါဆိုရင် ကြောင်က တိတ်တိတ်ဆိတ်ဆိတ် သွားလာလျှင်လည်း ငါတို့ခေါင်းလောင်း သံကြားနိုင်မယ်။ခေါင်းလောင်းမြည်လာရင် ငါတို့ စောစောစီးစီး တွင်းထဲဝင်လိုက်မယ်တဲ့။ ဒါဟာ အကြံကြီး ဥာဏ်ကောင်းပဲဟေ့...အောင်ပြီ...အောင်ပြီ ဟု အော်ပြီး ကခုန် ပျော်ပါးကြတော့သည်။
စကားတစ်ခွန်းမျှပင် မပြောဘဲ ထိုင်နေတဲ့ ကြွက်အိုကြီးက ထလာတယ်။အဆွေတို့ရေ ခဏ နေကြပါအုံး။ငြိမ်ငြိမ် လေးနေပေးကြပါအုံး။ မင်းတို့ပြောတာ အကြံကောင်း ဥာဏ်ကောင်းပဲဟု...ကြွက်အိုကြီးက ထောက်ခံလိုက်သည်။ကြွက်တွေက တပြိုင်နက်...အောင်ပြီ ဟု အသံ ကျယ်ကျယ် အော်ကြတော့သည်။
ကြွက်အိုကြီးက...ငါတစ်ခုလောက် အကူအညီတောင်းချင်တယ်။ခဗျာင်္းတို့ ကူညီနိုင်မလားတဲ့။ကြွက်တွေက...ဘာလဲ...အဲဒါ...ဘာလဲ...အဲဒါ ဟုမေးကြသည်။
ကျေးဇူးပြုပြီး အားလုံးလာကြပါ...လာကြပါဟုဆိုပြီး...ကြွက်အိုကြီးက သူတို့ကို မေးလိုက်သည်။ ဘယ်သူက ကြောင်၏ လည်ပင်းတွင် ခေါင်းလောင်း သွားဆွဲပေးမလဲတဲ့။
ဘယ်သူကမှ ကြောင်၏လည်ပင်းတွင် ခေါင်းလောင်း သွားမချိတ်ရဲကြဘူး။ကြောင်က အကြီးကြီး သူ့အနား သွားရင် ဖမ်းစားမှာပေါ့ ဟုသူတို့တွေးကြသည်။
ဘယ်သူကမှ စကားတစ်ခွန်းမျှပင် မပြောကြတော့ဘူး။အားလုံးငြိမ်ငြိမ် လေးနေကြသည်။သူတို့အားလုံး တစ်ကောင်ပြီး တစ်ကောင် သူတို့ရဲ့ တွင်းနက်ထဲမှာ ပြန်ဝင်ကြတော့သည်တဲ့။
မှတ်ချက်။ ။ဘာသာပြန်ခြင်းသာဖြစ်တယ်။အားလုံး ပျော်ရွှင်နိုင်ပါစေ။
တောမင်းသားလေး
Labels:
ရေးမိတာလေး
ရွှေငါးလေး
ဟိုး...တစ်ခါတုန်းက အလွန်ဆင်းရဲတဲ့ တံငါသည် လင်မယားနှစ်ယောက်သည်
ကမ်းနဘေးမှာ ဟောင်းနွမ်းသေးငယ်တဲ့ အိမ်စုတ်လေးမှာ နေကြလေသည်။တံငါ
ယောကျာ်းက နေ့တိုင်းငါးရှာလေသည်။ရလာတဲ့ ၀င်ငွေလေးနဲ့ သူတို့နှစ်ယောက်
နေ့စဉ် စားဝတ်နေရေး ဖြေရှင်း ကြလေသည်။
တစ်နေ့သောအခါ တံငါသည်က ငါးပြန်ရှာရင်းနဲ့ လှလှလေး ရွှေငါးလေး တစ်ကောင်
ကို ဖမ်းမိလေသည်။အဲဒီ ရွှေငါးလေးက စကားပြောတတ်သည်။ရွှေငါးလေးက ပြော
သည်...အဆွေတံငါကြီး...ငါ့ကိုပြန်လွှတ်ပါ။မင်းက ဒီလို လုပ်နိုင်မယ် ဆိုရင်...မင်းအ
လိုချင်ဆုံးဆု(၃) ခုတောင်းပါ။ပြည့်ကိုပြည့်စေရမယ်တဲ့။တံငါသည်က ငါဘာမှ မလိုချင်
ဘူး။ဒါပေမယ့် ငါ့မိန်းမကတော့ အိမ်ကောင်း၊ယာကောင်းနှင့် အ၀တ်အစား ကောင်း
ကောင်းတွေ လို ချင်ပါတယ် ဟုပြောလေ၏။ရွှေငါးလေးက...မင်းလိုချင်တဲ့ အရာတွေ
အားလုံးရရ မယ် ပြန်တွေ့ကြစို့ ဆိုပြီး ရေထဲဆင်းလေ၏။
တစ်ငါသည်က အိမ်ကိုပြန်ရောက်တော့ အရင်က စုတ်ပြတ်နေတဲ့ အိမ်ဟောင်း
လေးနေရာမှာ လှပကြီးမားတဲ့ အိမ်ကြီးအသစ် ဖြစ်ပြီး၊သူ့မိန်းမကလည်း လှလှပပ
အ၀တ်အစားတွေနဲ့ သူတွေ့နေသည်။တံငါသည်က သူဖြစ်ပျက် သမျှကို သူ့မိန်းမ
အား ပြန်ပြောလေ၏။သူ့မိန်းမက မင်းရွှေငါးလေး ဆီကို ပြန်သွားရမယ်။ငါဟာ
ဒီအရာလေးတွေနဲ့ မကျေနပ်သေးဘူး။မင်း ရွှေငါးလေးဆီ သွားပြီး ပြန်ပြောရမှာက
ငါ ဘုရင်မ ဖြစ်ပြီး ခမ်းနားထည်ဝါတဲ့ နန်းတော်ထဲမှာပဲ နေ ချင်တယ်။
နောက်နေ့မနက်မှာ တံငါသည်က ပြန်သွားပြီး လှေပေါ်မှာ ထိုင်ပြီးငေးနေခိုက်
အဲဒီအချိန်မှာပဲ ရွှေငါးလေးဟာ ရုတ်တရက် သူ့ရဲ့လှေဘေးမှာ ပေါ်လာပြီး မင်းမိန်း
မကျေနပ်သလား...လို့မေးလေသည်။တံငါသည်က...နိုး နိုး နိုး...ငါ့မိန်းမက ဘုရင်
မဖြစ်ပြီး ခမ်းနားထည်ဝါတဲ့ နန်းတော်မှာပဲ နေချင်တယ်...ဟုပြန်ပြောလေ၏။ မင်း
ရရမယ်...မင်းလိုချင်တဲ့အရာတွေ...ဟု ရွှေငါးကပြောပြီး ရေထဲ ပြန်ဆင်းလေ၏။
တံငါသည်သည် အိမ်ကို ပြန်ရောက်လာတော့ အလွန်လှပ တင့်တယ် ခမ်းနား
ထည်ဝါတဲ့ နန်းတော်ထဲမှာ သူ့မိန်းမကလည်း စိန်တွေ၊ရွှေတွေနဲ့ လှပစွာ ဆင်မြန်း
ပြည့်စုံ နေသည်ကိုတွေ့ လေ၏။တံငါသည်က သူ့မိန်းမ ကို မေးသည်....ချစ်ချစ်ရေ
...အခုတော့ ကျေနပ်နေပြီလား...တဲ့။မိန်းမက ပြန်ဖြေသည်။ငါ...ဒါတွေလေးနဲ့
မလုံလောက် မကျေနပ်သေးဘူး။မနက်ဖြန် ရွှေငါးလေး ဆီ မင်းပြန်သွားရမယ်။
မင်းပြန်ပြောရမှာက...ငါ...အလွန်လှပတဲ့ ကောင်းကင်ဘုံ ရွှေပြည်တော်ထဲမှာ
နေတဲ့ ဘုရား သခင် ဖြစ်ချင်တယ်...လို့။
အဲဒီညနေမှာ တံငါသည်က ရွှေငါးလေးဆီ ပြန်သွားလေ၏။ရွှေငါးလေးက
သူ့ကိုပြန်မေးသည်...အခုတော့ မင်းမိန်းမ ကျေနပ်နေ ပြီလား....တံငါကည်က
သူ့မိန်းမ မှာထားသည့်အတိုင်း ပြန်ပြောလေ၏။အဲဒီ စကားကို ရွှေငါးလေး ပြန်
ကြားတော့...ရွှေငါးလေး မျက်ရည်ကျလာသည်။အရမ်းလည်း စိတ်ဆိုးသည်။
မင်းမိန်းမက လူ...အ...ပဲ။တော်တော် တုံးတဲ့ အကောင်။ဘုရား က ဘုရား။
ဘုရားက တစ်ပါးတည်းပဲ ရှိတယ်။ဘယ်သူမှ(သို့)ဘယ်လို လူမှ ဘုရားတော့
မဖြစ်နိုင်ပါဘူး။အခုဆိုရင် မင်းအရင်က ရခဲ့တဲ့ ဥစ္စာတွေ အကုန် ပြန်ရုပ်သိမ်း
လိုက်ပြီ။မင်းနှင့်ငါလည်းနောက်ထပ် ဘယ်တော့မှ ပြန်မဆုံရဘူး...ဟုပြောပြီး
ရွှေငါးလေး ရေထဲ ဆင်းသွားလေ၏။
တံငါသည် သည် အိမ်ကိုပြန်လာတော့....သူ့ရဲ့ နန်းတော်ဟာ အရင်အိမ်
ဟောင်းလေး အတိုင်း၊သူ့မိန်းမ ကလည်း နဂို အ၀တ်အစားနဲ့ ပြန်တွေ့ရတယ် တဲ့။
အဲဒီ နောက်ပိုင်း တံငါသည်က ရွှေငါးလေးနှင့် ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူး
တဲ့။ပုံပြင်လေးကတော့ ဒါပါပဲ။
မှတ်ချက်။ ။gold fish ကို ဘာသာပြန်ခြင်းသာဖြစ်တယ်။
မူရင် စာရေးဆရာတော့ မသိသေးပါ။သိပြီးသား လူတွေ လည်း
ရှိမှာပါ။ကြိုက်လွန်းလို့ ပြန်လည်မျှဝေတာပါ။ရသ မြောက်အောင်
မပြန်ပေးနိုင်တာ၊အရေး အသား၊အသုံး အနှုန်းတွေညံ့ရင်(သို့)ရိုင်းရင်
နားလည်ပေးကြပါလို့ တောင်းပန်ပါရစေ။
Labels:
ရေးမိတာလေး
သူဌေးသမီးလေးသို့........
ဟေ့....သူဌေးသမီးလေးရယ်
အသက်ရူနှုန်းတွေ မတူညီမှန်းငါသိတယ်......
ဟေ့....သူဌေးသမီးလေးရယ်
ပထ၀ီအနေထားတွေ မတူညီမှန်းငါသိတယ်.....
ကွယ်ရာမှာ...မင်းကို အကြိမ်ကြိမ်မုန်းမေ့ခဲ့တယ်
ငါ့ရင်ထဲမှာ...မင်းကို ဖျက်ဆီးလွှတ်ပစ်ခဲ့တယ်
ကြံရာကြံမိ...မင်းရဲ့မကောင်းကြောင်းတွေ
ပြောဖြစ်ခဲ့တယ်..........................
ဒါပေမယ့်...မင်းနဲ့ဆုံတုန်း
မင်းရဲ့မျက်နှာလေး မြင်ရင်
လှိုက်ဖိုရင်ခုန်သံတွေ မြန်နေဆဲပဲ......
မင်းရဲ့အပြုံးလေးမြင်ရင်
စွဲမက်စွာ ခုံမင်နေဆဲပဲ.......
မင်းရဲ့အသံလေး ကြားရင်
စွဲလန်းစွာ တပ်မက်နေဆဲပဲ....
မင်းနှင့်ငါ ဆုံနိုင်ဖို့တော့
ငါဆုတောင်းရင်လည်း
ပြည့်ချင်မှ ပြည့်မယ်.....
လောကမှာ စည်းစိမ် ဥစ္စာ ဓန ဆိုတဲ့
တိုင်းတာခြင်းတွေ မရှိရင်တော့
မင်းနဲ့ငါ.................။ ။
Labels:
ကဗျာ
နတ်သမီးလေးသို့...ပြန်စာ
ဒီမနက်စောစောပဲ ငါ့ရဲ့သေတ္တာဟောင်းလေး ဖွင့်ကြည့်တယ်။
သေတ္တာရဲ့အောက်ခြေကြမ်းပြင်မှာ လှလှလေး ခေါက်ထားတဲ့ စာ
လေးတစ်စောင် ငါတွေ့လိုက်တယ်။
ဘာစာများလဲလို့ ဖောက်ဖတ်ကြည့်တော့.........................
သြော်....ရက်စက်တတ်သော မင်းကို..................................
မင်းကွာ.....မင်းက လှသလောက် မင်းရဲ့လက်ရေးလေး ကလည်း
လုံးလုံးဝိုင်းဝိုင်းလေးနဲ့...သိပ်လှနေတယ်ကွာ.........................
မင်းကွာ....မင်းရေးခဲ့တဲ့စာတွေ ဖတ်လိုက်ရင်းနဲ့ မင်းနဲ့ငါ့ရဲ့ အတိတ်
တွေဟာ ပြန်ဆန်းသစ်စေပါလား...မင်းကို လွမ်းလိုက်တာကွာ..........
မင်းကွာ...ဘယ်လောက်ထိချစ်သလဲ.....မေးတော့...တစ်သက်စာ
အတွက်လေတဲ့...မင်းဖြေခဲ့တယ်နော်။မင်းက ဘာမဆို ပြောရင် အ
ကြောင်းပြချက်တွေ ခိုင်လုံအောင် မင်းပြောတတ်တယ်နော်။
အခုလည်း...ငါ့ကို ချစ်သေးရဲ့လား လို့ ပြန်မေးလိုက်ချင်တယ်။
အမြဲတမ်း အကြောင်းပြချက်တွေ ခိုင်လုံအောင် ပြောတတ်တဲ့ မင်းရဲ့
ဆင်ခြေတွေ တစ်ခါလောက်တော့ ပြန်ကြားချင်လိုက်တာ.............
ယုံချင်ယုံ မယုံချင်နေ...မင်းရဲ့ တစ်ချက်တစ်ချက် ပြုံးလိုက်တဲ့ အပြုံးဟာ
ငါကြည့်ကြည့်လိုက်တိုင်း လောကကြီးကို တကယ် ငြိမ်းချမ်းစေတာပဲ...ကွာ။
ငါ့ရဲ့ ပိုက်ဆံအိတ်ထဲမှာ ဆေးရောင်တွေ လွင့်ပြယ်နေတဲ့ မင်းရဲ့ဓာတ်ပုံဟောင်း
လေးက အတိတ်ကို လှောင်ပြောင်နေ သလိုပါပဲ.......................................
မင်းအတွက် ငါရေးတဲ့ ကဗျာရဲ့ အောက်မှာ မင်းရေးထိုးထားတဲ့ မင်းရဲ့
နာမည်လှလှလေး.....................................................................................
အဲဒီ စာအုပ်လေးထဲမှာပဲ...မင်းထည့်ထားတဲ့ အနက်ရောင်နှင်းဆီ သေးသေး
လေးရယ်......ဆယ်တန်းတုန်းက ဟာနေတဲ့ ငါ့ရဲ့မှတ်စုတွေ ထဲမှာ မင်းကူးပေးတဲ့
မင်းရဲ့လက်ရေး လှလှလေးတွေ...........................................................
မကြည့်ပါနဲ့လို့ အကြိမ်ကြိမ်တားတဲ့ ကြားက မကြည့်ခိုင်းရင် ငါစိတ်ကောက်မယ်နော်
ဆိုပြီး ငါကြည့်ခိုင်းတဲ့ ဒိုင်ရာရီ ထဲမှာ မင်းချမှတ်တားမြစ်ထားတဲ့ အမိန့်တော် စည်းကမ်း
ချက်တွေ............................................................................
ငါ့ရဲ့ခေါင်းရင်းမှာ တန်းစီနေတဲ့ မင်းရဲ့ ခရစ္စမတ်လက်ဆောင်လေးတွေ..................
ဒါတွေ အားလုံးဟာ ပုံပြင်တော့ မဟုတ်လောက်ဘူးနော်.........................................
ဒါပေမယ့်...တခါခါ ဒါတွေဟာ ပုံပြင်တွေပဲလားလို့...ငါ့ကိုငါ မေးနေမိတယ်။
မင်းကို စိတ်နာပေမယ့် ဒီနေ့မနက်စောစော မင်းရဲ့စာလေးဖတ်လိုက်တော့...............
မင်းကို သတိရလိုက်တယ်ကွာ။
ဒီလိုနဲ့ပဲ....ဒီပြန်စာကို ငါချက်ချင်းရေးလိုက်တယ်။
ဒီစာကို ဖတ်ဖြစ်တယ် ဆိုရင်.....အတိတ်က ဇာတ်လမ်းတွေဟာ
ဝတ္တုတစ်အုပ်(သို့မဟုတ်)ပုံပြင်တစ်ခု(သို့မဟုတ်)ကဗျာ လေးတစ်ပုဒ်
လိုပဲ သဘော ထားပြီး ဖတ်လိုက်ပါ......။ ။
သေတ္တာရဲ့အောက်ခြေကြမ်းပြင်မှာ လှလှလေး ခေါက်ထားတဲ့ စာ
လေးတစ်စောင် ငါတွေ့လိုက်တယ်။
ဘာစာများလဲလို့ ဖောက်ဖတ်ကြည့်တော့.........................
သြော်....ရက်စက်တတ်သော မင်းကို..................................
မင်းကွာ.....မင်းက လှသလောက် မင်းရဲ့လက်ရေးလေး ကလည်း
လုံးလုံးဝိုင်းဝိုင်းလေးနဲ့...သိပ်လှနေတယ်ကွာ.........................
မင်းကွာ....မင်းရေးခဲ့တဲ့စာတွေ ဖတ်လိုက်ရင်းနဲ့ မင်းနဲ့ငါ့ရဲ့ အတိတ်
တွေဟာ ပြန်ဆန်းသစ်စေပါလား...မင်းကို လွမ်းလိုက်တာကွာ..........
မင်းကွာ...ဘယ်လောက်ထိချစ်သလဲ.....မေးတော့...တစ်သက်စာ
အတွက်လေတဲ့...မင်းဖြေခဲ့တယ်နော်။မင်းက ဘာမဆို ပြောရင် အ
ကြောင်းပြချက်တွေ ခိုင်လုံအောင် မင်းပြောတတ်တယ်နော်။
အခုလည်း...ငါ့ကို ချစ်သေးရဲ့လား လို့ ပြန်မေးလိုက်ချင်တယ်။
အမြဲတမ်း အကြောင်းပြချက်တွေ ခိုင်လုံအောင် ပြောတတ်တဲ့ မင်းရဲ့
ဆင်ခြေတွေ တစ်ခါလောက်တော့ ပြန်ကြားချင်လိုက်တာ.............
ယုံချင်ယုံ မယုံချင်နေ...မင်းရဲ့ တစ်ချက်တစ်ချက် ပြုံးလိုက်တဲ့ အပြုံးဟာ
ငါကြည့်ကြည့်လိုက်တိုင်း လောကကြီးကို တကယ် ငြိမ်းချမ်းစေတာပဲ...ကွာ။
ငါ့ရဲ့ ပိုက်ဆံအိတ်ထဲမှာ ဆေးရောင်တွေ လွင့်ပြယ်နေတဲ့ မင်းရဲ့ဓာတ်ပုံဟောင်း
လေးက အတိတ်ကို လှောင်ပြောင်နေ သလိုပါပဲ.......................................
မင်းအတွက် ငါရေးတဲ့ ကဗျာရဲ့ အောက်မှာ မင်းရေးထိုးထားတဲ့ မင်းရဲ့
နာမည်လှလှလေး.....................................................................................
အဲဒီ စာအုပ်လေးထဲမှာပဲ...မင်းထည့်ထားတဲ့ အနက်ရောင်နှင်းဆီ သေးသေး
လေးရယ်......ဆယ်တန်းတုန်းက ဟာနေတဲ့ ငါ့ရဲ့မှတ်စုတွေ ထဲမှာ မင်းကူးပေးတဲ့
မင်းရဲ့လက်ရေး လှလှလေးတွေ...........................................................
မကြည့်ပါနဲ့လို့ အကြိမ်ကြိမ်တားတဲ့ ကြားက မကြည့်ခိုင်းရင် ငါစိတ်ကောက်မယ်နော်
ဆိုပြီး ငါကြည့်ခိုင်းတဲ့ ဒိုင်ရာရီ ထဲမှာ မင်းချမှတ်တားမြစ်ထားတဲ့ အမိန့်တော် စည်းကမ်း
ချက်တွေ............................................................................
ငါ့ရဲ့ခေါင်းရင်းမှာ တန်းစီနေတဲ့ မင်းရဲ့ ခရစ္စမတ်လက်ဆောင်လေးတွေ..................
ဒါတွေ အားလုံးဟာ ပုံပြင်တော့ မဟုတ်လောက်ဘူးနော်.........................................
ဒါပေမယ့်...တခါခါ ဒါတွေဟာ ပုံပြင်တွေပဲလားလို့...ငါ့ကိုငါ မေးနေမိတယ်။
မင်းကို စိတ်နာပေမယ့် ဒီနေ့မနက်စောစော မင်းရဲ့စာလေးဖတ်လိုက်တော့...............
မင်းကို သတိရလိုက်တယ်ကွာ။
ဒီလိုနဲ့ပဲ....ဒီပြန်စာကို ငါချက်ချင်းရေးလိုက်တယ်။
ဒီစာကို ဖတ်ဖြစ်တယ် ဆိုရင်.....အတိတ်က ဇာတ်လမ်းတွေဟာ
ဝတ္တုတစ်အုပ်(သို့မဟုတ်)ပုံပြင်တစ်ခု(သို့မဟုတ်)ကဗျာ လေးတစ်ပုဒ်
လိုပဲ သဘော ထားပြီး ဖတ်လိုက်ပါ......။ ။
Labels:
ရေးမိတာလေး
၆၂နှစ်မြောက် ချင်းအမျိုးသားနေ့
ချင်းအမျိုးသားနေ့ဆိုတာ ချင်းလူမျိုးတို့ရဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေးနဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုတို့ ရရှိရေးအတွက် နှစ်ပေါင်း(၄၀)ကျော် ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်လာခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ခုပါ။ ၁၈၉၅-၁၉၄၈ခုနှစ်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိတဲ့အထိ စဉ်ဆက်မပြတ် ရုန်းကန်လှုပ်ရှားရင်း ဖြစ်ပေါ်လာခဲ့တာပါ။ ချင်းလူမျိုးစုဟာ ၁၈၉၇ ခုနှစ် အင်္ဂလိပ်နယ်ချဲ့လက်အောက် မကျရောက်ခင်ကာလအထိ ကိုယ့်မင်းကိုယ့်ချင်းဖြင့် မိမိတို့ကိုယ် မိမိတို့ အုပ်ချုပ်ခဲ့ကြတဲ့ လူမျိုးဖြစ်ပါတယ်။
မေမြို့ (အခု ပြင်ဦးလွင်မြို့) အခြေစိုက်အင်္ဂလိပ်စစ်တပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ချင်းအမျိုးသားတွေဟာ ၁၉၁၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ချင်းအမျိုးသားများပညာရည်မြှင့်တင်ရေး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ကြပြီး ချင်းအမျိုးသားတို့ရဲ့ ပညာရည်မြှင့်တင်ရေးကို စပြီးကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ချင်းအမျိုးသားတို့ရဲ့ သမိုင်းမှာ ပထမဦးဆုံးဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့အစည်းမှာ ဥက္ကဋ္ဌအဖြစ် ဆူဗီဒါအွမ်ပိုင်း (ကန်ပက်လက်ခရိုင်)၊ ဒု-ဥက္ကဋ္ဌအဖြစ် ဦးဝမ်သူးမောင် (ဝမ်းသူးရွာ၊ မင်းတပ်မြို့နယ်)၊ အတွင်းရေးမှူးအဖြစ် ဦးရမ်းလောင်းလိန် (ကန်ပက်လက်မြို့နယ်)၊ အဖွဲ့ဝင်များအဖြစ် မြေပြန့်အရှိုချင်းများ၊ လူရှည်ချင်း အမျိုးသားတို့ပါဝင်ခဲ့ကြတယ်။ ဒီအဖွဲ့အစည်းကြောင့်ပဲ ချင်းအမျိုးသားနေ့ သတ်မှတ်ရေးအတွက် အရေးပါတဲ့နေ့တစ်ရပ် ဖြစ်လာခဲ့ရတယ်။
၁၉၂၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားတို့ရဲ့ ပထမဆုံး ချင်းနိုင်ငံရေးပါတီဖြစ်တဲ့ ချင်းတောင်ညီညွတ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး ၁၉၃၃မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ ဆိုပြီး အမည်ပြောင်း မှည့်ဆိုခဲ့ကြတယ်။ ၁၉၃၄ စက်တင်ဘာလ၂၉ရက်နေ့မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး ဗြိတိသျှဆီမှ ချင်းအမျိုးသားတို့ရဲ့ အခွင့်အရေးနဲ့ နှစ်နာချက် ၉ ချက်ကို တင်ပြ တောင်းဆိုခဲ့ကြတယ်။ အဲဒီ ညီလာခံရဲ့ အရေးကြီးဆုံး တောင်းဆိုချက်ဟာ ပြည်မကို လွတ်လပ်ရေးပေးရင် ချင်းတောင်ကိုလည်း လွတ်လပ်ရေး ပေးရမယ်။ အခြားတိုင်းရင်းသား လူမျိုးတွေနည်းတူ ချင်းအမျိုးသားများကိုလည်း တန်းတူအခွင့်အရေး ပေးရမယ် လို့တောင်းဆိုခဲ့ကြပါတယ်။
၁၉၃၈ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ရဲ့ တောင်းဆိုချက် ၉ ချက်ကို ဆွေးနွေးဖို့ အနယ်နယ်အရပ်ရပ်က ချင်းအမျိုးသား ကိုယ်စားလှယ် ၃၀၀၀ခန့် နဲ့ အင်္ဂလိပ် အာဏာပိုင် တို့ဟာ ကန်ပက်လက်မြို့ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ရဲ့ တောင်းဆိုချက်ကို ဗြိတိသျှ အာဏာပိုင်တို့အနေနဲ့ "မည်သို့မျှလိုက်လျောပေးနိုင်မည်မဟုတ်" ဆိုတဲ့ တုံ့ပြန်ချက်ကြောင့် ချင်းအမျိုးသား ကိုယ်စားလှယ်အနေနဲ့လည်း ဆန္ဒပြပြီးတုံ့ပြန်ခဲ့ကြပါတယ်။ ၁၉၃၉ ခုနှစ်မှာ အင်္ဂလိပ်အစိုးရဟာ ချင်းအမျိုးသားညီညွှတ်ရေးကို တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေငြာခဲ့ပြီး ဦးဝမ်သူးမောင်နှင့်အဖွဲ့ ၉ ဦးတို့ကို ဖမ်းဆီးခဲ့ကြပါတယ်။ သူတို့အဖွဲ့ကို ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မြင်းခြံ၊ မန္တလေး၊ ကသာ ထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ခဲ့တယ်။ ဦးဝမ်သူးမောင်ဟာ အကြိမ်ကြိမ်အဖမ်းခံရပြီး သူ့ရဲ့ အိမ်ကိုပါ မီးရှို့ပစ်ခြင်းကို ခံခဲ့ရသူပေါ့။
၁၉၄၈ ဖေဖော်ဝါရီလ ၁၉-၂၂ ရက်များမှာ ချင်းဝိသေသတိုင်း၊ တိုင်းလုံးဆိုင်ရာ ညီလာခံတစ်ရပ်ကို ဖလမ်းမြို့ မှာ ကျင်းပခဲ့ပြီး ချင်းဝိသေသတိုင်း အနယ်နယ်အရပ်ရပ်က ပြည်သူလူထု ၅၀၀၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရွာသူကြီး၊ တိုက်သူကြီး၊ အုပ်ချုပ်ရေး၊ ပြောင်းခွန်၊ လူခွန်၊ အမဲခွန် ပေးဆောင်တဲ့စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရင်း ဖေဖော်ဝါရီလ၂၀ရက်နေ့မှာ ချင်းအမျိုးသားနေ့အဖြစ် ထောက်ခံအတည်ပြုခဲ့ကြပါတယ်။
ဒီလိုနဲ့ ၁၉၁၈-၁၉၄၈ထိဟာ ချင်းအမျိုးသားတို့အတွက် သမိုင်းဝင်အဖြစ်အပျက်တွေ တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်ပွားခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် တရားဝင်သတ်မှတ်ဖို့ ၁၉၅၀ အောက်တိုဘာလ ၉ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ချင်းအမျိုးသားရေးရာကောင်စီ အစည်းအဝေးကနေ သတ်မှတ် အတည်ပြု ပြဌာန်းခဲ့ကြပါတယ်။ မင်းတပ်မြို့မှာ ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို ပြုလုပ် ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးအချို့ တက်ရောက်အားပေးခဲ့ကြပါတယ်။ နိုင်ငံတော် သမ္မတရဲ့ သဝဏ်လွှာကို နိုင်ငံတော်ဝန်ကြီးချုပ်က ဖတ်ကြားအားပေးခဲ့ပါတယ်။
ဒါတွေကတော့ ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်လေးပေါ့။ ချင်းလူမျိုးတွေရဲ့ချစ်စရာ ရိုးရာဓလေ့အချို့  Angel Shaper သိသလောက်ပြောပြရမယ်ဆိုရင်တော့ ချင်းလူမျိုးတွေဟာ အရင်ဘိုးဘွားခေတ်ကတည်းက အင်မတန်မှကို ရိုးသားဖြူစင်ပြီး သစ္စာတရားကို တန်ဖိုးထားတဲ့ လူမျိုးစုတွေဖြစ်ခဲ့ပါတယ်။ ဒီလူမျိုးစုကို သစ္စာရှိတဲ့ တောင်ဇလပ်ပန်းနီလေးတွေ၊ အောက်ချင်းငှက်ကလေးတွေနဲ့ ကိုယ်စားပြုခဲ့တယ်လေ။
တောင်ဇလပ်ပန်းဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံး၊ အမွှေးဆုံး နဲ့ နာမည်အကြီးဆုံးပန်း မဟုတ်ခဲ့ပေမယ့် သူ့သဘာဝနဲ့သူ ပွင့်ဖူးတတ်တဲ့ပြီး နေဒဏ်၊ မိုးဒဏ်၊ လေဒဏ် အားလုံးကို ကြံ့ကြံ့ခံရင်း သစ္စာရှိရှိ ပွင့်ဖူးတတ်တဲ့ သစ္စာရှိတဲ့ပန်းကလေးတစ်မျိုးပါ။ တောင်ဇလပ်ပန်းဟာ ပင်စည်ကနေ ခူးဆွတ်ပေမယ့် သူ့သဘာဝကိုက အကြာကြီး ပွင့်လန်းနိုင်စွမ်းရှိတဲ့ ထူးဆန်းတဲ့ပန်းတစ်မျိုးပေါ့။ ဒီပန်းလေးတွေဟာ မြေပြန့် ဒေသတွေမှာ မပွင့်နိုင်ပါဘူး။ ဒီလိုအေးချမ်းတဲ့ တောင်ပေါ်ဒေသမှာပဲ ထူးခြားစွာ ပွင့်တတ်တဲ့ ပန်းတစ်မျိုးပါ။ တောင်ဇလပ်ပန်းတွေဟာ ချင်းပြည်နယ်ကို ကိုယ်စားပြုအလှဆင်နေတဲ့ သဘာဝကပေးတဲ့ လက်ဆောင်ပါ။
အောက်ချင်းငှက်ရဲ့ သဘာဝဟာဆိုရင် သူတို့ဟာသစ္စာရှိတဲ့အမျိုးတွေဖြစ်တယ်။ ဘယ်လောက်ထိ သစ္စာရှိသလဲ ဆိုရင်တော့ တစ်ကောင်သေရင် ကျန်ခဲ့တဲ့တစ်ကောင်ကပါ သူ့ချစ်သူသေတဲ့နေရာဒေသကိုရောက်အောင် ဟိုးအမြင့်ဆုံးကောင်းကင်ပေါ်ကနေ ထိုးဆင်းကျပြီး အသက်သေခံရင်း ချစ်ခြင်းမေတ္တာ၊ သစ္စာတရား ကြီးမားခဲ့ ကြတဲ့ ငှက်ကလေးတွေပေါ့။ သူတို့ရဲ့သစ္စာတရားဟာ ချင်းလူမျိုးတွေအတွက် အကောင်းမွန်ဆုံးသော ပုံသက်သေ ကောင်းတွေ ဖြစ်လာခဲ့ပါတယ်။
ဥပမာလေးတစ်ခုပြောရရင် အရင်ခေတ်တုန်းက ချင်းလူမျိုးတွေရဲ့တောင်ပေါ်ဒေသ တောရွာတွေမှာ သော့ဆိုတာ မရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းပျောက်တယ်။ ခိုးတယ်၊ ဝှက်တယ်၊ သူခိုး ဆိုတာ မရှိခဲ့ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်ဟာ ယုံကြည်မှုရှိတယ်။ သစ္စာရှိကြတယ်။ လယ်ထွန်သွား၊ အပြင်သွားတဲ့အချိန်တွေမှာတော့ ကျွဲ၊ နွား တိရိစ္ဆာန်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့လောက်ပဲ သစ်လုံးတွေနဲ့ အကာအကွယ်ပြု ခဲ့ကြတာပါ။ အဲဒီလောက် အေးချမ်းခဲ့တာပေါ့။
နောက်ပြီး ချစ်စရာဓလေ့တစ်ခုကတော့ လူပျို၊ အပျိုတွေဟာ မိဘနှစ်ပါးရဲ့ မျက်စိအောက်မှာပဲ ချစ်ရေးဆို တတ်ကြတယ်။ ချစ်ခွင့်ပန်ကြပါတယ်တဲ့လေ။ အချစ်ရေးဆိုတဲ့အခါမှာလဲ ကဗျာတွေ၊ သီချင်းလေးတွေဖွဲ့ဆိုပြီး ချစ်ရေးဆိုတတ်ကြတာ ဓလေ့တစ်ခုပေါ့။ လူပျိုလှည့်ပြီဆိုရင် လူသူရှိတဲ့နေရာ အဓိကကတော့ အပျိုလေးရဲ့ နေအိမ်မှာ မိဘ၊မောင်နှမရှိနေချိန်တွေမှသာ လည်ခွင့်ရှိပါတယ်။ သမီးရည်းစားချိန်းတွေ့ကြမယ်ဆိုရင်တော့ မိသားစုအားလုံးနဲ့ မီးဖိုဘေးမှာမီးကလေးလှုံရင်း တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းစကားပြောကြပြီး ချစ်ကြည်နူးကြရတယ် ဆိုပဲ။ ဒီခေတ်လူငယ်တွေလို လူသူပါးပြီး မှောင်တဲ့နေရာတွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းခြံရဲ့ ထောင့်နေရာလေးတွေ၊.... စတဲ့ စတဲ့ နေရာလေးတွေမှာ ချိန်းတွေ့ကြတာ မဟုတ်ဘူးလို့ပြောချင်တာပါ။ အဟဲ။ ချစ်သူချင်းလဲ အောက်ချင်းငှက်တွေလိုပဲ သစ္စာရှိကြတယ်။ သေတဲ့အထိကိုပဲ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားပြီး ချစ်မြတ်နိုးတတ်ကြပါတယ်။
ချင်းလူမျိုးတွေမှာ ချင်းစကား၊ ချင်းအမျိုးအနွယ်ပေါင်း အများကြီး အများကြီး ရှိပါတယ်။ (အကုန်လုံးကို ဖော်ပြရင် ပိုစ့်ကအရမ်းကို ရှည်သွားလိမ့်မယ်။ ဒီတော့ အခွင့်ကြုံမှ ဖော်ပြပါ့မယ်)။ ပန်းအိုးလေးတစ်လုံးကို အလှဆင်ဖို့ အတွက် ပန်းပွင့် အမျိုးစုံ၊ အရောင်စုံ အသုံးပြုမှသာ လိုအပ်သလို အလှပဆုံး အလှဆင်နိုင်သလိုပဲ၊ ချင်းလူမျိုးတွေ ဟာလဲ မြောက်များစွာသော အမျိုးနွယ်စု၊ ဘာသာစကားစုတွေကြောင့်သာ ပိုပြီး လှပသက်ဝင် အဓိပ္ပာယ်ရှိရခြင်း ဖြစ်ပါတယ်။ ဒီကနေ့ ၂၀၁၀ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာကျရောက်တဲ့ (၆၂) ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒီပိုစ့်လေးကို ရေးသားရခြင်းပါ။ ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်တာ Angel Shaper ရဲ့ အားနည်းချက် ဖြစ်သလို၊ သေချာလေ့လာပြီးမှ ချင်းပြည်နယ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချို့ ကို အခွင့်ရှိရင် တင်ပြပါဦးမယ်။
ဒီပိုစ့်လေးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို စိတ်ရှည်လက်ရှည် အကြံပေးပြီး ကူညီပြောပြပေးတဲ့ အကို (U Sianpu) နဲ့ သူငယ်ချင်း ပေါက်စီကို ကျေးဇူးအကြီးကြီးတင်ပါတယ်။ သူငယ်ချင်းပေါက်စီ ဆွဲထားတဲ့ ဒီဇိုင်းလေးကြောင့်လဲ ကျေးကျေးစ်နော်။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
19.2.2010 (Fri;)
11:25 Pm
http://angelshaper.blogspot.com/ မှကူးယူပါသည်။
Labels:
ဖတ်စရာလေး
Subscribe to:
Posts (Atom)
ကမ္ဘာလှည့် ခရီးသည်များ
ကမ္ဘာ့ နာရီစင်
ကိုယ်ကြည့်ချင်တဲ့ နိုင်ငံကို ကလိပါ။
!-end>!-my>
ငွေလဲလှယ် ကြည့်ရအောင်
!-end>!-currency>