Sunday, August 22, 2010

ခေါ်နုမ်းတုန် သက်သေ...

(၁)ဘိုးဘွားများရဲ့ ၀ါကြွားသံ
ငါကသာ အမြင့်မြတ်ဆုံး
ငါကသာ အောင်နိုင်သူ
ဆိုတဲ့ အိမ်ရှေ့က မှတ်တိုင်ကလေးတွေ
အနားဂတ်ရဲ့ ရွက်နုအခက်ကလေးတွေ
ချိုးနေတာပဲ...........

(၂)အဖေအမေများရဲ့ ၀ါကြွားသံ
ငါက ဘယ်နှစ်ခါ ပွဲလုပ်တယ်
ငါက ဘယ်နှစ်ကောင်သတ်တယ်
ဆိုတဲ့ ပွဲတိုင်းကျော်သလိုလိုနဲ့
သားသ္မီးတွေရဲ့ မျက်စိကို
ကန်းစေတာပဲ....

(၃)ငါတို့ရဲ့ ၀ါကြွားသံ
ငါက ဒီလို...ဒီလိုကွ
သူက အလကား...ဗလာပဲကွာ
ဆိုပြီး...ဘီယာလေးတစ်ခွက်မော့
ကြည့်လိုက်တိုင်း
ဘ၀ကိုတော့ မမေ့နဲ့ဦး။
မြင်ပါဦး...ကြည့်ပါဦး
တွေးခေါ်ပါဦး...စဉ်းစားပါဦး
သုံးသပ်ပါဦး.....
မယုံရင် လှည့်ကြည့်ပါဦး
မကြားရင် နားစွန့်လိုက်ပါဦး
အရာရာမှာ နောက်ကျပြီ
အဘက်ဘက်မှာ နုံချာတဲ့
ငါတို့ရဲ့ မွေးရပ်ဌာနေ
ခေါနုမ်းတုန် သက်သေ။  ။

ဆလိုင်းလင်းတန်းရဲ့ ကဗျာလေးပါ။

0 comments:

Post a Comment

Thang you!